ပန်တျာ

ပန်တျာ ဟူသော ဝေါဟာရသည် ပုဂံခေတ်တွင် ပေါ်ပေါက်လာပုံရသည်။ ပုဂံခေတ်ကျောက်စာများတွင် စည်ကြီး၊ နောင်နင်၊ ခက်ခွင်၊ ပသာ စသည့် ဂီတတူရိယာ ပစ္စည်း အမျိုးအမည်များကို တွေ့ရှိရသကဲ့သို့ ဂီတနှင့် ပတ်သက်သည့် ပန်တျာ ဟူသော ဝေါဟာရကိုလည်း စတင်တွေ့ရှိရပါသည်။ ဆရာကြီး ဦးဖိုးလတ်၏ မြန်မာစကား အဖွင့်ကျမ်းအရ - ပန် = ဖန်ဆင်းပြုလုပ်ခြင်း အတတ်၊ တျာ = တီးမှုတ်ခြင်း ဖြစ်ရာ ပန်တျာကို တီးမှုတ်သီဆိုခြင်း အတတ်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ခရစ်နှစ်-၁⁠၁၉၀ ပြည့်နှစ်ထိုး ကြံသိုင်းကြီးသမီး ကျောက်စာတွင် ပန်တျာအိုလာပန်တျာအိုမုံ စသည်ဖြင့် ပန်တျာဝေါဟာရကို အမျိုးသမီးများ အမည်ဖြင့် တွဲဖက်သုံးထားသည်ကို တွေ့ရှိရသည်။ အလားတူ ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားပါသည်။ [1]

ကိုးကား

  1. မြန်မာ့ဂီတသမိုင်းကြောင်း၊ တင်နိုင်တိုး၊ ဒေးလီးအလဲဗင်း နေ့စဉ် (၁.၇.၂၀၁၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.