ပန်းဆိုးတန်းလမ်း

ပန်းဆိုးတန်းလမ်း (အင်္ဂလိပ်- Pansodan Street) သည် ရန်ကုန်မြို့ရှိ သမိုင်းဝင်လမ်းတစ်ခုဖြစ်သည်။ ကိုလိုနီခေတ် သမိုင်းပုံရိပ်များ၏နေရာတိုင်းတွင် တွေ့ရတတ်သော ရန်ကုန်မြို့၏ အထင်ကရလမ်းတစ်ခုဖြစ်သည်။ ကမ်းနားလမ်း မဟာဗန္ဓုလလမ်း ကုန်သည်လမ်း ဗိုလ်ချုပ်လမ်း(ရန်ကုန်မြို့)တို့နှင့် ချိတ်ဆက်ထားသည်။ ရှေးယခင် ဗြိတိသျှအစိုးရလက်ထက်က ပဲခူးတိုင်း၏ ပထမဆုံး ဝန်ရှင်တော်မင်းကြီး ဆာအာသာ ဖယ်ယာ ( Sir Arthur Phayre )ကို အစွဲပြု၍ ဖယ်ယာလမ်း(Phayre Street )ဟု ခေါ်သည်[1]

ကိုးကား

  1. https://www.lostfootsteps.org/my/history/phayre-street-pansodan-lower-block-during-its-1920s-heyday


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.