ပိဏ္ဍပါတ်ဓုတင်

ပိဏ္ဍပါတ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဆောက်တည်သည့် ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုဉ်းပေးရ၏၊ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်တို့ကို ဘုဉ်းမပေးရ။[1]

ဆောက်တည်ပုံ

ဤဓုတင်အား  ဆောက်တည်မည့်ရဟန်းသည် “အတိရေကလာဘံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ဆွမ်းခံဆွမ်းထက် အပိုအလွန်ဖြစ်သော ဆွမ်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ “ပိဏ္ဍပါတိကင်္ဂံ သမာဓိယာမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ဆွမ်းခံခြင်း အလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]

ဓုတင် ပျက်စီးခြင်း

ဆွမ်းခံဆွမ်းမှ တပါးသော ပင့်ဖိတ်ကပ်လှူသည့် သံဃဘတ်စသည်ကို သာယာသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]

ကိုးကား

  1. ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.