ပိုင်တံခွန်

ပိုင်တံခွန် (အင်္ဂလိပ် : Paing Takhon ၊ မွေးနာမည် : စစ်ကိုပိုင် ၊ ဇူလိုင် ၁၇ ၁၉၉၆) သည် မြန်မာလူမျိုး မော်ဒယ်၊ သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦးဖြစ်သည်။ ၎င်းသည် အနုပညာအလုပ်ကို ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ "သန်းခေါင်ယံခရီးသည်များ" ရုပ်ရှင်နှင့် "လူဆိုးလေးများ ၂" ရုပ်ရှင်တို့တွင် ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။

Paing Takhon
ဇာတိ အမည်ပိုင်တံခွန်
မွေးဖွားစစ်ကိုပိုင်
(1996-07-17) ဇူလိုင် ၁၇၊ ၁၉၉၆
ကော့သောင်းမြို့တနင်္သာရီတိုင်းဒေသကြီးမြန်မာ
နိုင်ငံလူမျိုးဗမာ
ပညာရေးအဝေးသင်တက္ကသိုလ်(ရန်ကုန်)
အလုပ်အကိုင်Model • Actor • Singer
တက်ကြွလှုပ်ရှားနှစ်များ2014–present
အရပ် ft ၁၁ in (၁.၈၀ m)
မိဘ(များ)ဦးထွန်းမိုး
ဒေါ်ခင်ကြူ
ဂီတခရီးလမ်း
ဂီတဟန်ပေါ့ပ်
တူရိယာVocals • Guitar
တက်ကြွသည့်နှစ်များ2017–present

၂၀၁၈ ခုနှစ်တွင် ပိုင်တံခွန်သည် BuzzFeed မီဒီယာ၏"23 Stunning South Asian Men That Are Too Gorgeous For Words" တွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် The Myanmar Times ၏ ထိပ်တန်းမင်းသားဆယ်ဦးစာရင်းတွင် ဒုတိယနေရာ၌ ဖော်ပြခြင်းခံခဲ့ရသည်။

အစောပိုင်းဘဝနှင့် ပညာရေး

ပိုင်တံခွန်သည် ဇူလိုင် ၁၇ရက် ၁၉၉၆ ခုနှစ်တွင် ကော့သောင်းမြို့တနင်္သာရီတိုင်းဒေသကြီးတွင် အမိ ဒေါ်ခင်ကြူနှင့် အဖ ဦးထွန်းမိုး တို့မှမွေးဖွားခဲ့သည်။ သို့သော် ၎င်းသည် ခမောက်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ ပိုင်တံခွန်သည် မွေးချင်းခြောက်ဦးတွင် စတုတ္ထမြောက်သားဖြစ်ပြီး အစ်ကို (၁) ယောက်၊ အစ်မ (၂) ယောက်နှင့် ညီ (၂) ယောက်ရှိသည်။ ပိုင်တံခွန်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ခမောက်ကြီးမြို့တွင် အခြေခံပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွေ့ရှိလာပြီးနောက် မော်ဒယ်တစ်ဦးဖြစ်လာခဲ့သည်။ ယခုလက်ရှိတွင် ၎င်းသည် အဝေးသင်တက္ကသိုလ်(ရန်ကုန်)တွင် စိတ်ပညာသင်ကြားလျက်ရှိသည်။

အလုပ်အကိုင်

၂၀၁၄ - ၂၀၁၆ : မော်ဒယ်

ပိုင်တံခွန်သည် John Lwin Model Training သို့ ၂၀၁၄အတွင်း ချိတ်ဆက်ခဲ့သည်။ ထိုမှာပင် ‌မော်ဒယ်ပညာနှင့် Catwalk တို့ကိုသင်ယူခဲ့သည်။ ၎င်းသည် John Lwin International Model Agency ၏ ကြော်ငြာပွဲများတွင် ပါဝင်ခဲ့သည်။ ၎င်းနောက် တီဗီကြော်ငြာများနှင့် DVD များတွင်လည်း ပါဝင်ခဲ့သည်။ ၎င်းသည် သီချင်းဗီဒီယိုများနှင့် ဖက်ရှင်မဂ္ဂဇင်းများတွင်လည်း ပါဝင်လာခဲ့သည်။ ၎င်း၏ အလုပ်ကြိုးစားသောကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများမှ သတိထားမိလာကာ ရုပ်ရှင်သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပိုင်တံခွန်သည် နန်းဆုရတီစိုးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော "Asean Celebrity Explore Quest Malaysia 2016" (ACEQM) တွင် နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ် တက်ရောက်ခဲ့သည်။ ၎င်းပွဲ၌ပင် ပိုင်တံခွန်နှင့် နန်းဆုရတီစိုးတို့သည် ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့် ဖျော်ဖြေခဲ့သည်။

၂၀၁၇ : ရေပန်းစားလာခြင်း

၂၀၁၇ ခုနှစ်တွင် ပိုင်တံခွန်သည် သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ၎င်းသည် သန်းခေါင်ယံခရီးသည်များရုပ်ရှင်တွင် ဇာတ်ဆောင်မင်းသားအဖြစ် နန်းခင်ဇေယျာနှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ထို့နောက် လူဆိုးလေးများ ၂ တွင်လည်း ဇာတ်ဆောင်မင်းသားအဖြစ် ဇေရဲထက် နှင့် ပက်ထရစ်ရှာတို့နှင့်အတူ သရုပ်‌ဆောင်ခဲ့သည်။ ၎င်းအပြင် ပိုင်တံခွန်သည် သမန်းကျားရုပ်ရှင်ဇာတ်ကားတွင်လည်း အိန်ဂျယ်လမုန်နှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် Documentry ဇာတ်လမ်းတွဲတစ်ခုဖြစ်သော ခရီးသွားကောက်ကြောင်းတွင် ဇာတ်ဆောင်မင်းသားအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ငြိမ်းသော်ချမ်းမင်းရဲထွဋ်နှင့် သင်ဇာဝင့်ကျော်တို့ပါဝင်သော "သူဘယ်သူလဲရုပ်ရှင်ကား"တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ပိုင်တံခွန်သည် "Asean Celebrity Explore Quest Malaysia 2016" (ACEQM) ၏ သံအမတ်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင်လည်း ပရိတ်သတ်များကြား ရေပန်းစားလာကာ ဩဂုတ်လ ၃ရက် ၂၀၁၉ တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပရိတ်သတ်တွေ့ဆုံပွဲကျင်းပခဲ့သည်။

ဂီတ

ပိုင်တံခွန်သည် သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း စတင်သီဆိုခဲ့သည်။ သူသည် ၎င်း၏ ပထ‌မဆုံး တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်ဖြစ်သော ချစ်သူ ကို စက်တင်ဘာ ၂၆ရက် ၂၀၁၇ တွင် မိတ်ဆက်ခဲ့သည်။ ပိုင်တံခွန်သည် ၎င်းအယ်လ်ဘမ်မှ ရရှိသော အကျိုးအမြတ်အားလုံးကို အနန္တမေတ္တာမိဘမဲ့ကျောင်းသို့ လှူဒါန်းခဲ့သည်။

အမှတ်တံဆိပ်သံအမှတ်

ပိုင်တံခွန်သည် ကုန်တံဆပ်များ၏ သံအမတ်အဖြစ်လည်း ရွေးချယ်ခံရခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK နှင့် SAILUN TIRE MYANMAR တို့တွင် အမှတ်တံဆိပ်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရုပ်ရှင်များ

YearEnglish titleBurmese titleCo-starsRoleNotes
2017Midnight Travellerသန်းခေါင်ယံခရီးသည်များနန်းခင်ဇေယျာLead role
Bad Boy 2လူဆိုးလေးများ ၂ဇေရဲထက်, PatriciaLead role
2018Thaman Kyar (Weretiger)သမန်းကျားအိန်ဂျယ်လမုန်Lead role
TBAThu Bal Thu Lae (Who is he?)သူဘယ်သူလဲငြိမ်းသော်, ချမ်းမင်းရဲထွဋ်, သင်ဇာဝင့်ကျော်Lead role

တီဗီစီးရီးများ

YearEnglish titleBurmese titleCo-starsRoleNotes
TBAKha Yee Thwar Kauk Kyaung (Traveller's Notes)ခရီးသွားကောက်ကြောင်းသင်ဇာဝင့်ကျော်Lead role

တစ်ကိုယ်တော်အယ်လ်ဘမ်

  • Chit Thu (Lover) (ချစ်သူ)


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.