ပုဂံခေတ်ရွာကြီး(၁၉)ရွာ
ယုန်လွှတ်ကျွန်းကို အခြေပြုပြီး တိုင်းပြည်တည်ထောင်ရာ ပုဂံနေပြည်တော်၏
- ပထမမြို့သည် (ယုန်လွှတ်ကျွန်း) အရိမဒ္ဒန။
- ဒုတိယမြို့သည် သေဉ်လည်ကြောင်မင်း လက်ထက် ကျောက်စကားရွာ၌ သီရိပစ္စယာ ။
- တတိယမြို့မှာ သိုက်တိုင်မင်းလက်ထက်တွင် ယခု ဖွားစောရွာ နေရာ၌ တမ္ပဒီပ။
- တဖန် ပျဉ်ပြားမင်းလက်ထက်တွင် ပုဂံကို တည်သည်။
ပုဂံခေတ်ရွာကြီး(၁၉)ရွာမှာ -
- ညောင်ဦး
- နဂါးဗိုလ်နဂါးဆိုင် (ယခု ပုဂံ)
- နဂါးကျစ် (ယခု နဂါးကျစ်မှော်)
- မန်ကျည်းကြီး (ယခု မရှိ)
- တူတည် (ယခု စတယ်)
- ကျောက်စကား (ယခု သီရိပစ္စယာ)
- ကုတ်ကသိန် (ယခု မရှိ)
- ညောင်တန်း (ယခု မရှိ)
- အနုရာဓ (ယခု မြင်းကပါ)
- တန်ဆောင်ကွန် (ယခု မြင်းခြံနယ်၌ ရှိသည်။)
- ရွာမုံး (ယခု ရွာမိုင်း)
- ကြင်လုံ (ယခု ကျောက်ကန်ရွာအနီး နေရာသာ ရှိသည်။)
- ကုက္ကို (ယခု တောင်ခွင်)
- တောင်ဖ (ယခု တောင်ပ)
- မြေသင်းတွင်း (ယခု မြေခဲတွင်း)
- သရက်ရ (ယခု မရှိ)
- စဉ့်ကူ (ယခု စဉ့်ကူ)
- ယုန်လွယ် (ယခု ယုန်လွှတ်ကျွန်း)
- ရွာစိုက် (ယခု ဖွားစောရွာ)
တရုတ်ပြေးမင်းလက်ထက်တွင် တရုတ်တို့၏ စစ်မက်အန္တရာယ်ကြောင့် မြို့ကိုချဲ့ထွင်ပြီး ခံတပ်အခိုင်အမာ အရေးပေါ်တည်ဆောက်ရသည်။ စေတီ ဂူကျောင်း ဘုရား အမြောက်အများကို ဖျက်၍ အုတ်ကျောက်တို့ကို ယူရသည်ဟု ဆိုကြသည်။ ဂူကြီး တစ်ထောင်၊ ဂူငယ် တစ်သောင်း။ ကုလားကျောင်း သုံးထောင် ပျက်စီးကြောင်း ဆိုသည်။ [1]
ကိုးကား
- ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်) ရေး ပုဂံဘုရားများသမိုင်းနှင့် ဧည့်လမ်းညွှန်၊ ၁၉၉၈-စက်တင်ဘာ၊ စာ-၂၄
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.