သီရိပစ္စယာ

သီရိပစ္စယာသည် ဒုတိယပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ သီရိပစ္စယာကို ကျောက်စကားအရပ်၌ တည်ထောင်ပြန်သည်။ ၎င်းနေရာမှာ ပုဂံမြို့သစ်၏ တောင်ဘက် ရေအိုးစဉ်ချောင်း၏ မြောက်ဘက်ကမ်းနေရာ ဖြစ်သည်ဟု ဆိုကြသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇)လက်ထက်မှ သာရမွန်ဖျားမင်း(၄၉၄-၅၁၆)အထိ စိုးစံခဲ့ကြသည်။ [1]

သီရိပစ္စယာ ရွာ
သီရိပစ္စယာ
ပုဂံ
ပုဂံရှိ စေတီပုထိုးများ
သီရိပစ္စယာ
သီရိပစ္စယာ တည်နေရာပြ မြေပုံ
ကိုဩဒိနိတ်: 21°10′N 94°52′E
နိုင်ငံမြန်မာနိုင်ငံ
ဒေသမန္တလေးတိုင်းဒေသကြီး
တည်ထောင်၁၂ ဒီဇင်ဘာ ၉၅၀
လူဦးရေ
  လူမျိုးများဗမာလူမျိုး
  ဘာသာတရားများထေရဝါဒ ဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သီရိပစ္စယာ နန်းတော်ရာ နေရာသည် အရှေ့လောင်ဂျီတွဒ် ၉၄ ၅၁' ၁၇" နှင့် မြောက်လတ္တီတွဒ် ၂၁ ၈' ၂၄" တွင် ကျောက်တိုင်စိုက်ထူထားခြင်းသာ တွေ့ရပါသည်။ သေဉ်လည်ကြောင်မင်း(၃၄၄-၃၈၇) လက်ထက်တွင် ယုန်လွှတ်ကျွန်းအရပ်မှ ကျောက်စကားအရပ်သို့ မြို့တော်ကို ပြောင်းရွှေ့၍ သီရိပစ္စယာ အမည်ရှိ မြို့တော်ကို တည်ထောင်ခဲ့သည်။ ခရစ်နှစ် (၃၄၄ မှ ၅၁၃ အထိ) မင်းဆက်ပေါင်း ငါးဆက် စိုးစံခဲ့သည်။ စမ်းသပ်တူးဖော်မှုဆိုင်ရာ သုတေသနပြုခြင်း မရှိသေးပါ။ နေရာအမှတ်အသား ကျောက်စာတိုင် စိုက်ထူထားခြင်းသာ ရှိပါသည်။ [2]

ကိုးကား

  1. တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်
  2. ကျောက်စာတိုင် ဘေး၌ ရှိသော ဗီနိုင်းဆိုင်းဘုတ်မှ ရေးသားထားသော စာသားဖြစ်ပါသည်။ စာရေးသူ-ကိုမေယာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.