တမ္ပဝတီ

တမ္ပဝတီ(ပုဂံ)

တမ္ပဝတီသည် တတိယပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ တမ္ပဝတီသည် ရွာစိုက်ရွာဟောင်း (မြောက်လတ္တီတွဒ် ၂၁°၉′၊ အရှေ့လောင်ဂျီတွဒ် ၉၄°၅၅′)နေရာ၌ တည်ခဲ့ခြင်း ဖြစ်သည်။ ပုဂံခေတ်နှောင်းကာလတွင် ယင်းအရပ်၌ မိဖုရားကြီးဖွားစော နေထိုင်ခဲ့ဘူးသည်ကို အကြောင်းပြု၍ ဖွားစောရွာဟု ခေါ်ဆိုကြသည်။ သိုက်တိုင်မင်း(၅၁၆-၅၂၃)လက်ထက်မှ ခဲလူးမင်း(၈၂၉-၈၄၆)အထိ စိုးစံခဲ့ကြသည်။ [1]

ကိုးကား

  1. တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.