ဗုဒ္ဓ၏ ဗျာဒိတ်တော်လာ ပုဂံမင်းသုံးဆက်

မြတ်စွာဘုရားသခင်သည် တန့်ကြည်တော်ပေါ်မှ ရပ်တော်မူ၍ ပုဂံပြည်၌ ငါ၏ သာသနာထွန်းကားလေအံ့ဟု ဗျာဒိတ်ထားတော်မူစဉ် တောင်စောင့်ဘီလူးသည် ဘုရားရှင်အား အင်ဖက်သုံးရွက်စပ်၍ ထီးပြုကာ နေရောင်မှ ကာကွယ်ပေးသောကြောင့် ဘီလူးအား သင်သည် ပုဂံပြည်တွင် မင်းသုံးဆက် ဖြစ်လိမ့်မည်ဟု ဆိုတော်မူခဲ့သည်။ [1]

ထိုပုဂံမင်း သုံးဆက်မှာ-

ထိုမင်းတို့သည် ဘီလူးဘဝမှ လာသောကြောင့် အမျက်ဒေါသကြီးသည်။ ရက်စက်ကြမ်းကြုပ်သည်။ အစားကြူးသည်။ ပုဂံခေတ် တစ်လျှောက်လုံးတွင် ထိုမင်းသုံးပါးသည် မင်းဆိုးမင်းညစ်များ ဖြစ်လေသည်။

နောက်ထပ် ပုဂံပြည်တွင် သုံးဆက်တိုင်တိုင် မင်းဖြစ်သော မင်းဆက်များမှာ-

  • ဘုရားအလောင်းအရင့်တစ်ကျိပ်အဝင် ပလလည်းဆင်မင်း(ပါလိလေယျ)ဆင်မင်းဖြစ်ခဲ့ဖူးသော သမုဒ္ဒရာဇ်မင်း၊ နော်ရထာမင်း၊ ကျစွာမင်း- ဤမင်းသုံးဆက်တို့သည်လည်း တစ်ယောက်တည်း။ ဤပုဂံပြည်တွင် သုံးကြိမ်မင်းဖြစ်သောဟူ၏။
  • ပျူမင်းထီး၊ သေဉ်လည်ကြောင်၊ ကျန်စစ်သား-ဤမင်းသုံးပါးတို့လည်း တစ်ယောက်တည်း သုံးကြိမ်ဖြစ်လာသောဟူ၏။ [2]


ကိုးကား

  1. ဦးကုလား၏ မဟာရာဇဝင်တော်ကြီး
  2. မှန်နန်းမဟာရာဇဝင်တော်ကြီး ပဉ္စမတွဲ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.