ပုပ္ပါး စောရဟန်း

ပုပ္ပါး စောရဟန်း

သင်္ဃရာဇ်မိဖုရားက မိမိဆရာကို မင်းပြုစေသည်။ ပုပ္ပါး စောရဟန်းမင်း တွင်၏။ [1] ပုပ္ပါး စောရဟန်းမင်းသည် ပုဂံရာဇဝင်တွင် သက္ကရာဇ် ဖြိုသောမင်းအဖြစ် ထင်ရှားလေသည်။ ကောဇာ သက္ကရာဇ် ၅၃၅-ခုတွင် နန်းတက်သည်။ ကောဇာ သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် (ခေါ်) ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခ ဆ ပဉ္ဇကိန်း (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခ ဆ ပဉ္ဇကိန်း ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

  • ပုဂံရာဇဝင်တွင် စောရဟန်းမင်း နှစ်ပါးရှိသည်။ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍ တောင်သူကြီးမင်းကို ညောင်ဦး စောရဟန်း ဟု ခွဲခြားသတ်မှတ်သည်။ [2]

ကိုးကား

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။
  2. ပညာအလင်းပြ ရုံးသုံး၊ ကျောင်းသုံး အင်္ဂလိပ်မြန်မာ နှစ်တစ်ရာပြက္ခဒိန် စာအုပ်
  • မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.