စေတနာကြီးဘုရား (စည်စနာ)

စေတနာကြီးဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ စေတနာကြီးဘုရားသည် ဆင်ခံ သီဟိုဠ်ပုံစေတီဖြစ်ပြီး (၂၆) မတ်လ၁၂၃၆−ခုတွင် နားတောင်းများ (ထီးလိုမင်းလို)မင်း တည်ဆောက်ခဲ့သည်။ စေတနာကြီးဘုရားသည် မူလက စည်စနာ (ဂိ့ဝ) ဟိန္ဒူဘုရားကျောင်းဖြစ်ပြီး နားတောင်းများမင်းက စေတီအဖြစ် ပြုပြင်တည်ဆောက်ခဲ့သည်။ နားတောင်းများမင်းလက်ထက်တွင် ဘုရားအပြီးမသတ်ခဲ့သဖြင့် သားတော် ကျစွာမင်းက ဆက်လက်ပြီးစီးအောင် တည်ခဲ့သည်။ ပန္နက်ပုံမှာ လေးထောင့်ပုံဖြစ်ပြီး အောက်ခြေပန်းတင်ခုံတိုင်း၏ အနားတစ်ဖက်စီတွင် ဆင်ဦးခေါင်းရုပ် ၃၉ရုပ်နှင့် ကလသာအိုး ၄၀ တို့ကို အစီစဉ်တကျ ထည့်သွင်း တန်ဆာဆင်ထားရှိပါသည်။ ထူးထူးခြားခြား ပစ္စယာ ၄ ဆင့် ရှိပြီး ပစ္စယာအဆင့်တိုင်းမှာရှိတဲ့ အရံစေတီများရဲ့ မုခ်ကဒ်များအတွင်း မတ်တပ်ဆင်းထုတော်များ ရှိသည်။ အနီးတဝိုက်မှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်သောကြောင့် မူလဘွဲ့တော် စေတနာမှာ "ကြီး" တလုံးပိုကာ "စေတနာကြီး" လို့အမည်တွင်ရစ်သည်ဟူ၍ သိရှိရပါသည်။ စေတနာကြီးဘုရားဟု အမည်ပြောင်းထားသော်လည်း စည်စနာကြီး/ စစ်စနားကြီးဟုသာ ခေါ်နေကြသည်။ စေတနာကြီးဘုရား၏ လေး​ထောင့် ဓာတ်တော်တိုက်ရှိ အင်္ဂတေ ပန်းတော့လက်ရာနှင့် ဘုရားပတ်လည်ရှိ အင်္ဂတေ ပန်းတော့လက်ရာများကို လေ့လာနိုင်သည်။[1]

  • စေတီပုထိုးအမှတ် = ၉၈၇/၄၁၃

ကိုးကား

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.