မြင်းပြဂူဘုရား

မြင်းပြဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြို့ တောင်ဘက်တွင် တည်ရှိသည်။ မီးငြိမ်းကုန်း (၁၄၉၉)၊ နွားပြဂူ (၁၄၉၈)၊ မြင်းပြဂူ (၁၄၉၃)၊ ရှစ်မြောက်စေတီ (၁၄၉၄)၊ တောင်ထွတ်ကြီး (တဝဂူ)(၁၃၂၅) စသည့် ရှေးဟောင်းဘုရားငါးဆူ အနက် မြင်းပြဂူဘုရားမှာ အထင်ရှားဆုံးဖြစ်သည်။

  • ပုဂံစေတီပုထိုးအမှတ် = ၁၄၉၃ ဖြစ်သည်။


စတုဂံလိုဏ်ဂူဖြစ်၍ အုတ်ခုံပစ္စယာအထက်မှ စေတီပေါက်ထားသည်။ အတွင်းပတ်လမ်းနှင့် လမ်းသွယ်လမ်းမြှောင်များ၊ ဘုရားခန်းများမှာ မှောင်အတိကျနေဘိအလား ရှိသည်။ အတက် လေးမျက်နှာမှ ရောင်လင်းပေါက်များ ပါရှိသော်လည်း အဓိက ရုပ်ပွားဆင်းတုတော်တို့၏ မျက်နှာတော်မှသာ အလင်းရောက်ရရှိပါသည်။[1]

ကိုးကား

  1. မောင်ကြည်ပန်း(မြင်းကပါ)၊ ယဉ်ကျေးမှုအမွေ ပုဂံမြေမှ စေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.