ကျန်စစ်သားဥမင်
ကျန်စစ်သားဥမင်သည် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် အနီး၌ တည်ရှိသည်။ ဥမင်၏ အဝင်မုခ်ဝနှစ်ခု အကြားတွင် ဓမ္မပလ္လင်တစ်ခု ရှိသည်။ အဆောက်အအုံမှာ နိမ့်ပြီး ရိုးရိုးပင် ဖြစ်သည်။
ထို အဆောက်အအုံကို ပုဂံခေတ် ရဟန်း၊ သံဃာများ သီတင်းသုံးခဲ့သည်ဟု ယူဆကြသည်။
- သာသနိကအဆောက်အအုံအမှတ် = ၆၅/၅၁
.jpg.webp)
ကျန်စစ်သားဥမင် အပြင်ဘက်
ဗိသုကာ လက်ရာများ
ရိုးရိုး အဆောက်အအုံတစ်ခုသာ ဖြစ်ပြီး အဝင်ဝမုခ်နှစ်ခု အကြားတွင် ဓမ္မပလ္လင်တစ်ခု တည်ရှိသည်။ အတွင်းလိုဏ်ပတ်ဝင်္ကပါသည် မှောင်နေသည်။ သို့သော် နံရံနှင့် ပေါင်းကူးများပေါ်တွင် ဗုဒ္ဓရုပ်ပွားပုံများ၊ ဗုဒ္ဓ ခြေတော်ရာများ၊ ရဟန်းပုံများ၊ ကြက်ခြေခတ်ပုံများ၊ မွန်ဂိုတာတာ စည်သည်တော်ပုံများ စသည့် ဆေးရေးပန်းချီများကို တွေ့ရှိနိုင်သည်။[1]
.jpg.webp)
ကျန်စစ်သားဥမင် အတွင်းပိုင်း
.jpg.webp)
ကျန်စစ်သားဥမင် အတွင်းပိုင်း
သမိုင်းဆိုင်ရာ အချက်အလက်များ
ထိုအဆောက်အအုံကို ကျန်စစ်သားဥမင်ဟု ခေါ်နေကြသော်လည်း ကျန်စစ်သားမင်း လက်ထက်ထက်စော၍ ဆောက်လုပ်ပြီးစီးခဲ့သည်ဟု ယူဆကြသည်။
ကိုးကား
- ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.