ရပ်စောက်ဂူဘုရား(ပုဂံ)

ရပ်စောက်ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ကျောက်ဂူဥမင်၏ဘေးတွင် နောက်မှပြုလုပ်သော လှေကားမှ ကုန်းထိပ်ပေါ်သို့ တက်ပြီး အနဲငယ်ဆက်သွားပါက များစွာမဝေးသောနေရာတွင် ရပ်စောက်ဟု အမည်တွင်သော ဂူဘုရားငယ် တစ်ဆူရှိသည်။ ထိုဂူဘုရားသည် သက္ကရာဇ် ၅၂-ခု၊ ဝါဆိုလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့တွင် တည်၍ပြီးသည်ဟု ဂူဘုရားအတွင်းရှိ နံရံရေး ကမ္ပည်းမင်စာအရ သိရှိရလေသည်။ ထိုဂူဘုရားအတွင်းတွင် ငါးရာ့ငါးဆယ်ဇာတ်ကွက် စသော ပုဂံခေတ် ပန်းချီများ ကမ္ပည်းစာနှင့်တကွ များစွာကျန်ရှိနေသေးသည်။ ၎င်းဂူဘုရား၏ ရှေ့တွင်၎င်း၊ ခတ်လှမ်းလှမ်း တစ်နေရာတွင်၎င်း ရှေးဟောင်းကျောက်စာချပ်များ၊ ကျောက်စာအကျိုးအပဲ့များ ရှိသည်။ ရပ်စောက်ဂူဘုရား အတွင်းနံရံရှိ စာကြောင်းရေ ၄၇-ကြောင်းပါရှိသည့် ထင်ထင်ရှားရှား ကမ္ပည်းမင်စာကြောင့် ဤဂူဘုရားမှာ လူသိများသော ရှေးဟောင်း အဆောက်အအုံပင် ဖြစ်ပါသည်။ [1]

  • စေတီပုထိုးအမှတ် = ၁၅၅/၁၂၄

ကိုးကား

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.