မြင်းကပါစေတီ

မြင်းကပါစေတီသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြင်းကပါအရပ်တွင် တည်ရှိသည်။ မြင်းကပါစေတီကို ခရစ်(၁၁)ရာစုတွင် အနော်ရထာမင်း (အေဒီ ၁၀၄၄−၁၀၇၇) တည်ခဲ့သည်။ အနော်ရထာနှင့် နောင်တော် စုက္ကတေး စီးချင်းထိုးရာတွင် စုက္ကတေးသည် အနော်ရထာ၏ အရိန္ဒမာလှံချက်ဖြင့် မြင်းနှင့်တကွ မြစ်နားသို့ပါ၍ အနိစ္စရောက်ခဲ့သည်။ စုက္ကတေးမင်း အနိစ္စရောက်ပြီးနောက် အနော်ရထာသည် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ အနော်ရထာသည် နောင်တော် စုက္ကတေးမင်းကို သတ်မိသည့် မကောင်းမှု ပြေပျောက်ရန် မြင်းကပါရွာ၊ မြင်းကပါချောင်းအနီးတွင် မြင်းကပါစေတီ တည်ခဲ့သည်။ နောင်တော် စုက္ကတေးမင်းအားလည်း အမျှအတမ်းဝေခဲ့သည်။

  • စေတီပုထိုးအမှတ် = ၁၃၂၈/၆၅၂

မြင်းကပါစေတီ၏ ထိပ်ဖူး၊ ဖောင်းရစ်၊ ရင်ဖွဲ့ခါးပတ်၊ ခေါင်းလောင်းပုံတို့တွင် အဆင်တန်ဆာ မွမ်းမံမှု အရှိဘဲ၊ ရိုးရိုးရှင်းရှင်း တည်ဆောက်ထားသည်။[1]

ကိုးကား

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.