ပေါက် (သစ်ပင်)
ပေါက် | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
မျိုးပေါင်းစု: | Magnoliophyta |
မျိုးပေါင်း: | Magnoliopsida |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးစု: | Butea |
မျိုးစိတ်: | B. monosperma |
ဒွိနာမ | |
Butea monosperma | |
Flame of the Forest (ပေါက်ပင်)
- Botany Term : Butea frondosa Roxb
- Species/Family : Papilionaceae
ပုံသဏ္ဌာန်
အပင်
ပင်စည်ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုး ဖြစ်၍ ၅၀ - ၈၀ ပေအထိ မြင့်မား သည် ။ ပင်စည်တွင် အဆစ်များရှိပြီး အကိုင်းအခက်များ ကောက်ကွေး၍ ထွက်သည်။ အညွန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သောအမွေးများ ရှိ၏ ။ အခေါက်မှ အနီရောင်အစေးများ ထွက်၏။
အရွက်
သုံးရွက်မြွှာပေါင်း ဖြစ်သည်။ ရွက်မြွှာများ ထိပ်ပိုင်း ၍ အရင်းကျယ်သည်။ အရွက်အပေါ်မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချောသော်လည်း အောက်မျက်နှာပြင်တွင် အမွှေးနုကလေး များရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။
အပွင့်
လိမ္မော်ရောင်ကဲ့သို့ နီကြန့်ကြန့်ရှိပြီး ကြက်တူရွေးနှုတ်သီးသဏ္ဌာန် ကွေးနေ၏ ။ တပို့တွဲ၊ တပေါင်းတွင် ပွင့်သည်။
အသီး
အသီးတောင့်သည် ၆ လက်မမှ ၈ လက်မထိရှည်ပြီး အနံ ၁၁/၂ လက်မခန့် ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်းတွင် အစေ့တစ်စေ့ သာပါ၏ ။ အစေ့တွင် ရှည်လျားသော အတောင် ပါရှိသည်။ တန်ခူး၊ ကဆုန်လ၌ သီး၏ ။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်ဥ ။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသ ချောင်းမြောင်း အင်းအိုင်ဘေးများတွင် အများဆုံး ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ ပေါက်သည် ဖန်ခါးစပ်သောအရသာ ရှိသည်။ ပူသည်၊ ဝမ်းမီးကို တောက်စေသည်။ သုက်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ အပွင့်သည် ဖန်ခါးစပ်၏၊ အေး၏၊ လေကို ပွားစေ၏ ။သည်းခြေသလိပ် ကို နိုင်သည်။ ဆီးပူခြင်း၊ ဆီးအောင့် ခြင်းနှင့်နူနာရောဂါတို့ကို ပျောက်ကင်း စေသည်။
အသုံးပြုပုံ
- အစေး
၁ ။ လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာအဖုအပိမ့်များ ပျောက်ကင်းသည်။ ၂ ။ ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။
- အပွင့်
- ၁ ။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့်ရော၍ သွေးပါခြင်း ၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။
- ၂။ ပေါက်ပွင့်ကို ရေနှင့်ကျို၍ ချက်တွင် ခပ်နွေးနွေး အုံပေးလျှင် ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများ ပျောက်ကင်းသည်။
- ၃ ။ ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ ခတ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားသန့်ရှင်းစေသည်။
- အစေ့
- ၁ ။ ပေါက်စေ့ကို သံပရာရေနှင့် ကြိတ်၍ လိမ်းပေလျှင် အတွင်းအဆံကို အခြောက်လှန်းကာ ကြိတ်၍ နံနက်ည တစ်နေ့ ၂ ကြိမ် ဆက်စားပြီး ၄ ရက်မြောက်သောအခါ ဝမ်းနုတ်ဆေး စားပါက ဝမ်းတွင်းရှိသန်ကောင်များ ကျဆင်းလာ မည်။
- အရွက်
- ၁ ။ အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။
- အခေါက်
- ၁ ။ အခေါက်နှင့်အစေ့ကို မြွေဆိပ်ဖြေဆေး ဖော်စပ်ရာတွင် သုံးသည်။
- ဥ
- ၁ ။ ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။ [1]