ပံ့သကူဓုတင်

ပံ့သကူဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ပံ့သကူဓုတင် ဆောက်တည်မည့် ရဟန်းသည် သူတစ်ပါး လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရပေ။ သူတစ်ပါးတို့ စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူ၍ လျှော်ဖွပ်၊ ချုပ်ဆိုး ပြုလုပ်ကာ ဝတ်ရုံရသည်။[1]

ဆောက်တည်ပုံ

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ပံသုကူလိကင်္ဂံ သမာဓိယာမိ” ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ “ဒါယကာ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ “ပံ့သကူသင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[1]

ဓုတင် ပျက်စီးခြင်း

ဒါယကာက လှူဒါန်းသည့် သင်္ကန်းအား သာယာသည့် ခဏတွင်ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[1]

ကိုးကား

  1. ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.