ပွန်ပေ


ပွန်ပေ (The city of Pompeii) သည် မြေကြီးအောက်တွင် တစ်ဝက်တစ်ပျက် နစ်မြုပ်နေသာ ခေတ်ဟောင်း ရောမမြို့တော် တစ်ခုဖြစ်ပြီး ယနေ့ခေတ် အီတလီနိုင်ငံ ကမ်ပါးနီးယားဒေသ အတွင်း နေပယ်လ်မြို့ အနီးတွင် တည်ရှိသည်။ အေဒီ ၇၉ ခုနှစ်က ဗီဆူးဗီးယပ်မီးတောင် ပေါက်ကွဲရာမှ ပွန်ပေမြို့နှင့် ၎င်း၏ ညီအစ်မမြို့ဖြစ်သော ဟာကျူလေနီယမ်မြို့တို့ ပျက်စီးပြီး မြေအောက်တွင် နစ်မြုပ်သွားခဲ့သည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ပွန်ပေကို ၄ မီတာမှ ၆ မီတာ အထိ ထူထပ်သော မီးတောင်ပြာများအတွင်းတွင် ပွန်ပေကို နစ်မြုပ်သွားစေသည်။ ထိုမြို့သည် နှစ်ပေါင်း ၁၅၀၀ ကျော်မျှ ပျောက်ဆုံးနေခဲ့ပြီး ၁၅၉၉ ခုနှစ်တွင် မတော်တဆ ပြန်လည်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ မြို့ဟောင်းကို တူးဖော်ခြင်းဖြင့် ရိုမန်အင်ပိုင်ယာ ထိပ်ဆုံးသို့ ရောက်နေသော အချိန်က မြို့ပြရှိ လူနေမှု ဘဝကို အသေးစိတ်ကို ထဲထဲဝင်ဝင် သိရှိခွင့် ရခဲ့သည်။

ပွန်ပေ
Pompeii
ပွန်ပေရှိ လမ်းကျဉ်းတစ်နေရာ
အီတလီနိုင်ငံအတွင်း တည်နေရာပြမြေပုံ
တည်နေရာပွန်ပေမြို့နေပယ်လ် စီရင်စုကမ်ပါးနီးယားဒေသအီတလီနိုင်ငံ
အမျိုးအစားSettlement
ဧရိယာ၆၄ မှ ၆၇ ha (၁၇၀ ဧက)
သမိုင်းကြောင်း
စတင်တည်ဆောက်ခြင်းဘီစီ ၆-၇ ရာစု
စွန့်ခွာခြင်း၇၉ အေဒီ
ဆိုဒ်မှတ်ချက်များ
ဝဘ်ဆိုဒ်pompeiisites.org
တရားဝင်အမည်ပွန်ပေ၊ ဟာကျူလေနီယမ်နှင့် တိုရန်အန်နျူဇီယာတာ ရှေးဟောင်းသုတေသန ဧရိယာ
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းiii, iv, v
ရွေးချယ်ခြင်း၁၉၉၇ (၂၁ ကြိမ်မြောက် အစည်းအဝေး)
ရည်ညွှန်းနံပါတ်829
ယူနက်စကိုဒေသဥရောပနှင့် မြောက်အမေရိက

ပွန်ပေသည် နှစ်ပေါင်း ၂၅၀ ကျော်အထိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာဖြစ်သည်။ ယခု အချိန်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် သတ်မှတ်ပေးထားပြီး အီတလီနိုင်ငံရှိ ခရီးသွားအများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့် နေရာတစ်ခုလည်း ဖြစ်ကာ လူပေါင်း ၂ သန်းခွဲခန့် နှစ်စဉ်နှစ်တိုင်း လည်ပတ်လေ့ရှိသည်။[1]


ကိုးကား

  1. Dossier Musei 2008 (in Italian)။ Touring Club Italiano။ 18 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 30, 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.