ဖက်ဇ် အယ်လ် ဘာလီ
ဖက်ဇ် အယ်လ် ဘာလီ သည် မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့ရှိ ရှေးအကျဆုံး တံတိုင်းကာရံထားသော အစိတ်အပိုင်း ဖြစ်သည်။ ဖက်ဇ်အယ်လ်ဘာလီသည် အေဒီ ၇၈၉ မှ ၈၀၈ ခုနှစ်အတွင်း အိုင်ဒရီဇစ် မင်းဆက်၏ မြို့တော် အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ [1] ကမ္ဘာပေါ်တွင် ရှေးအကျဆုံး တက္ကသိုလ် ဖြစ်သော အယ်လ် ကာရိုရင်း တက္ကသိုလ် ရှိသည့် အတွက် ထင်ရှားသည်သာမက ဖက်ဇ်အယ်လ်ဘာလီသည် စုစုပေါင်း လူဦးရေ ၁၅၆,၀၀၀ ဦး ရှိသော ကမ္ဘာပေါ်တွင် အကြီးဆုံး ကားမရှိသည့် မြို့ပြ အဖြစ်လည်း ထင်ရှားသည်။ [2]
ဖက်ဇ်မြို့ဟောင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii , v |
ကိုးကား | ၁၇၀ |
ဒေသ** | အာဖရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ယူနက်စကိုမှ ၁၉၈၁ ခုနှစ်တွင် ဖက်ဇ်အယ်လ်ဘာလီအား ဖက်ဇ်မြို့ဟောင်း (မယ်ဒီနာအော့ဖ် ဖက်ဇ်) အမည်ဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကမ္ဘာ့အမွေအနှစ်နေရာ သတ်မှတ်မှုတွင် ဖက်ဇ်အယ်လ်ဘာလီ၏ မြို့ပြ အဆောက်အဦးများသာ မကပဲ တံတိုင်း အပြင်ဘက်ရှိ ထိုနေရာအား ကောင်းမွန်စွာ မြင်နိုင်မည့် ကြားခံဒေသကို ထိန်းသိမ်းရန် အတွက်ပါ ထည့်သွင်း သတ်မှတ်ခဲ့သည်။ [3]
ဖက်ဇ်အယ်လ်ဘာလီ၊ ဖက်ဇ် ဂျေဒစ် နှင့် ပြင်သစ်တို့ တည်ဆောက်ခဲ့သော ဗေးလ်နိုဘယ် သို့မဟုတ် မြို့သစ်သည် ဖက်ဇ်၏ အဓိက ဒေသ ၃ ခု ဖြစ်သည်။
ကိုးကား
- Centre၊ UNESCO World Heritage။ Medina of Fez။
- 7 car-free cities။
- Centre၊ UNESCO World Heritage။ Medina of Fez။