ဖိုးရှမ်းဘုရား

ဖိုးရှမ်းကမ်းခြေအပန်းဖြေဘုရားဖူးနေရာတစ်ခုအဖြစ်ထင်ရှားလာသည့်ဖိုးရှမ်းဘုရားစေတီဟာတနင်္သာရီတိုင်းပုလောမြို့နယ်ရှပ်ပုံကျေးရွာအုပ်စုသမုတ်တောင်ရွာပင်လယ်အနီး(မော်)ကုန်းကမူပေါ်တွင်တည်ရှိနေပါသည်။

ဖိုးရှမ်းဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရှပ်ပုံရွာ၊ ပုလောမြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ်13.0180491°N 98.5811296°E / 13.0180491; 98.5811296
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှုဖိုးရှမ်းဘုရားဂေါပကအဖွဲ့
အသေးစိတ်
ပင်လယ်ရေ အမြင့် ft (၂ m)

ဒေသသမိုင်းအကျဉ်း

တစ်ဝဂူခြေရင်းခံရှစ်မြှောင့်ပလ္လင်ငါးဆင့်စေတီ တော်ပုံစံရှိပါသည်။စေတီခြေရင်းတစ်ဝဂူ၌"၁၃၄၀(1978)ပြည့်နစ်ဘုရားဒကာကြီးဦးသာအူး (ဒေါ်ဂျာအေး)မိသားစုကောင်းမှုစာတန်းနှင့် ကု့သိုလ်ရှင် တွေရဲ့အမည်ကိုရေးသားထားပါသည်။ "ဦးစုကမ်း ဒေါ်ချစ်ဝင်း အလှူငွေ(၅၀၀) ဦးဖထူး တများရပ် ရှပ်ပုံ အလှူငွေ (၇၅) မောင်အေးလွင် လူပျိုဖော့ အလှူငွေ (၁၅၀.)ကျပ် ပန်းရန်အောင်ချီ လုပ်အား ၅ရက် နင့်၂၀၀ ပန်ရန်အလုပ်သင်လှိုင်းကြီး လုပ်အား ၅ရက် ဦးပိုလို ဒေါ်ဆန်းကြည် (၁၀၀၀)"ဟူ၍ရေးသားထားပါသည်။

ယင်းမှတ်တမ်းသည်ဖိုးရှမ်းဘုရား၏ကနဦးအစတည်မှတ်တမ်းလောပြုပြင်မှတ်တမ်းလောမသိရှိသေးပါ။ယင်းအလှူရှင်များ၏ အဆက် အနွယ်များကိုကားခြေရာမခံနိုင်သေးပါ။ စာအထောက်အထားအရ ၁၉၇၈ခုနစ်ကောင်းမှုဖြစ်ပြီးလုပ်အား၅ရက်ဖြင့်တည်ဟန်ရှိသည်။အလှူငွေစုစုပေါင်း၁၉၂၅ကျပ်ကိုမှတ်တမ်းတင်ထားပါသည်။တများရပ်ကိုရှပ်ပုံရွာ ၏ ရပ်ကွက်တစ်ခုဖြ၈့်တွေ့မြင်ရပါသည်။ ဖိုးရှမ်းဘုရား၏သမိုင်းကြောင်းမှာသူ့အရပ်သူ့ဇာတ်အဖြစ်သာရှိနေပါသည်။

ထို့ကြောင့်ထားဝယ်ပုလောမြိတ်သမိုင်းကြောင်းမှ အနီးစပ်ဆုံးကိုတွက်ဆကြည့်ချင်ပါသည်။အနီးအစပ်အဆုံးအနေနဲ့ကုန်းဘောင်ခေတ်အလောင်းမင်တးရားဦးအောင်ဇေယျ( ၁၇၅၂ ၁၇၆၀ )စစ်ချီရာလမ်းကြောင်း အဖြစ်အပျက် မှတ်တမ်းနင့် အမိန့်တော်ပြန်တမ်းများမှလေ့လာကောက်နှုတ်ကြည့်ရရင်ပုလောမြိတ်အကြားတွင်သမုတ်တောင်ရွာနင့်သမုတ်ရွာ ပြည်ခြားရွာ ထမင်းမစားရွာစစ်ပြင်ကြီး၊ ငယ်ဘုရင့်တောင်ရွာ အောင်ဇေယျရွာ နန်းတောင်ရွာ ကျင့်ကာရွာ မင်းပြင် မင်းထိန် အလောင်းဘုရားရှပ်ပုံရွာ စသဖြင့်နာမည်တွေဟာအလောင်းမင်းတရာစစ်ချီစစ်ကြောင်းပြီးမှအမည်ထင်ရှားလာပုံဖြစ်နေပါတယ်။အလောင်းဘုရားမတိုင်ခင်ရွာမရှိဘူးလားဆိုတော့လူနေမှုရှိမရှိရွာအမည်တွင်မတံငွ်စစ်တမ်းကလှစ်ဟနေဆဲပင်ဖြစ်သည်။ယင်းမတိုင်ခင်ကျွေးရွာအမည်အထင်အရှားမှတ်တမ်းရှိနေတာကားဆင်ထိုးရွာပင်ဖြစ်သည်။အလောင်းမင်းတရားအမိန့်တောြပ်န်တမ်းအရ"သက္ကရာဇ်၁၁၂၁ခု(1759)တွင်တနင်းသာရီကျေးဆင်ထိုးရွာနေ ငသပြောင် ငပြန်ရက်နင့်မိမ္မကိုဖမ်းဆီး"ခဲ့ကြောင်းပါရှိခဲ့ပါသည်။ယင်းမှတ်တမ်းအရဆင်ထိုးရွာသည်တနင်္သာရီမြို့၏ပိုင်နက်အတွင်းကျေးရွာအဖြစ်မှတ်တမ်းတင်နိုင်ပါသည်။ယခုအခါတံငွ်မြိတ်ခရိုင်ပုလောမြို့နယ်၊ ပလောက်မြို့နယ်ဆင် ထိုးကြီးရွာအဖြစ်တည်ရှိနေပါပြီ။(စကားချပ် ဆင်ထိုးရွာ၏သက်တမ်း မှာနစ်ပေါင်း၂၅၀ကျော်သောသမိုင်းဝင်ကုန်းဘောင်ခေတ်ကျေးရွာတစ်ခုအဖြစ်မှတ်တမ်းတင်နိုင်ပါသည်။)ယင်းအချိန်အခါပုလောမြိတ်တနသာ်ရီမြို့တော်တို့မှာယိုးဒယား (ရှမ်း )ပိုင်နက်အဖြစ်တည်ရှိနေဆဲဖြစ်ပါသည်။၁၇၆၀၁တွင် ရွှေဘိုနေပြည်တော်လက်အောက်ခံမြန်မာပိုင်နက်ဖြစ်ခဲ့ပါသည်။ မြိတ်ရာဇဝင်တော်ကြီးတွင်မြန်မာတပ်က ဆင်ထိုးရွာအထိရောက်လာသည်တွင်ပုလောမြို့ဝန် (ရှမ်း)မြိတ်မြို့ ဝန်နင့်ပေါင်းကာတနင်္သာရီမြို့စားထံအတူပေါင်းဆုံခဲ့ကြသည်။ယင်းအဖြစ်အပျကန်င့်အတူရှပ်ပုံရွာဖြစ်ဉ်မူကွဲနစ်ခုတွေ့ရှိရပါသည်။မြို့ဝန်ထွက်ပြေပြီးသည်နင့်ကျန်ရှိသည့်ရှမ်းများယခုရှပ်ပုံနေရာတံင်ပုန်းအောင်းနေသည်အတွက်ရှမ်းပုန်းမှရှပ်ပုံဟူ၍လည်းကောင်းရှမ်းအလောင်းများဒီရေနင်အ့တူမျောဝင်လာရောက်စုပုံခြင်းကိုအစွဲပြု၍ရှမ်းပုံမှရှပ်ပုံဖြစ်လာခကြေဲာ့င်းယူဆချက်မူကွဲများရှိခဲ့သည်။ထိုဖြစ်စဉ်တွင်ရှမ်းတို့နင့်အတူမြန်မာယောကျားလေးတစ်ယောက်ပါရှိသွားပြီးအသက်အရွယ်ကြီးလို့အမှန်သိချိန်တွင်သမုတ်တောင်ကမ်းခြေတွင်ပြန်လည်အခြေချနေထိူင်ကာမိဘဘိုးဘွားများအားရည်စူးကာစေတီတစ်ဆူတည်ထားခဲ့ကြောင်းယင်းအမည်တွင်ကာဖိုးရှမ်းဘုရားအဖြစ်ယခုအခါခရစ်နစ်၂၀၁၀တွင်လူသိများလာပြီးယင်းစေတီကိုမွမ်းမံ ပြင်ဆင်ခဲ့ပါသည်။၂၀၁၁တွင်ရွှေထီးတော်တင်လှူဒါန်းခဲ့ပါသည်။

အနေအထား

ဖိုးရှမ်းဘုရားတည်ရှိသောနေရာသည်ပင်လယ်အဝနားဖြစ်ခြင်းညှင်းဖိုညှင်းမမလိကျွန်း(ထားဝယ်ကျွန်း)စသည်မှရှပ်ပုံပလောကုန်းတွင်းပိုင်းဝင်ရာမော်ကုန်းကမူဖြစ်ခြင်းစသည့်ပထဝီအနေအထားအရ ထုံးဖြူဖြူရွေရောင်ဝါဝါ ဝင်း(Signal pagoda )စေတီတစ်ဆူအဖြစ်ရေလမ်းသွားသူများအတွက်အန္တရာယ်ကင်းဘေးကင်းလုံခြုံဖို့အတွက်စုပေါင်းတည်ထားဟန်ရှိသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.