ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း
ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း (အင်္ဂလိပ်: FIFA World Cup Dream Team) သည် ဖီဖာက စိတ်ကူးယဉ်အိပ်မက်အသင်းတစ်သင်းအား ရွေးချယ်ရန် အင်တာနက်မှ ပရိတ်သတ်မဲများကို ကောက်ယူပြီး သက္ကရာဇ် ၂၀၀၀ တွင် ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် 'ထိပ်တန်းကြယ်ပွင့်' (all-star) အသင်းတစ်ခုဖြစ်သည်။[1][2] အာဂျင်တီးနားသား မာရာဒိုနာက မဲအများဆုံးရရှိခဲ့သည်။ မဲကောက်ခံမှုကို ဖီဖာ၏ တရားဝင် ဝက်ဘ်ဆိုဒ် "www.FIFAworldcup.com" တွင် ပြုလုပ်ခဲ့ကာ လူတစ်သန်း ငါးသိန်းကျော် မဲပေးခဲ့ရာ မာရာဒိုနာက ၁၁၁,၀၃၅ မဲရရှိသည်။ ဘရာဇီးသား ပီလီက ၁၀၇,၅၃၉ မဲ၊ ပြင်သစ်သား ဇီနဒင် ဇီဒန်းက ၈၀,၅၂၇ မဲဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။[1]
ကစားသူ (၁၁)ယောက်ကို ဂိုးသမား (၁)ဦး၊ နောက်ခံလူ (၃)ဦး၊ အလယ်တန်းလူ (၄)ဦး၊ တိုက်စစ်မှူး (၃)ဦးဖြင့် ပိုင်းခြားထားကာ ကစားကွက်တည်ဆောက်ပုံမှာ '၃-၄-၃' ပုံစံဖြစ်သည်။
ကစားသူအမည်[1] | ကစားသူ တည်နေရာ | ပါဝင်ကစားခဲ့သော ကမ္ဘာ့ဖလား ခုနှစ်များ |
---|---|---|
လက်ဗ် ယဲ့ရှင် | ဂိုးသမား | ဆိုဗီယက်ယူနီယံ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဖီဖာ ကမ္ဘာ့ဖလား |
ပါးအိုးလို မာလ်ဒိနီ | ဘယ်ခြမ်းနှင့် ဗဟို ခံစစ်မှူး | အီတလီ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂ ဖီဖာ ကမ္ဘာ့ဖလား |
ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ | ဗဟို ခံစစ်မှူး | အနောက်ဂျာမနီနိုင်ငံ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄ ဖီဖာ ကမ္ဘာ့ဖလား |
ရော်ဘတ်တို ကားလို့စ် | ဘယ်ခြမ်း ခံစစ်မှူး | ဘရာဇီး ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား |
ရော်ဘက်တိုး ဘာဂျို (ဘက်ဂီယို) | နောက်ချန် (သို့) အလယ်တန်း တိုက်စစ်မှူး | အီတလီ ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈ ဖီဖာ ကမ္ဘာ့ဖလား |
ဇီနဒင် ဇီဒန်း | အလယ်တန်း တိုက်စစ်မှူး | ပြင်သစ် ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား |
မိရှဲ ပလတ်တီးနီ | ကွင်းလယ်ဖန်တီးရှင် | ပြင်သစ် ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ ဖီဖာ ကမ္ဘာ့ဖလား |
ဒီယေဂို မာရာဒိုနာ | နောက်ချန် (သို့) အလယ်တန်း တိုက်စစ်မှူး | အာဂျင်တီးနား ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄ [[[ဖီဖာ ကမ္ဘာ့ဖလား]] |
ရိုမာရီယို | တိုက်စစ်မှူး | ဘရာဇီး ၁၉၉၀၊ ၁၉၉၄ ဖီဖာ ကမ္ဘာ့ဖလား |
ယိုဟန်း ခရပ်ဖ် | ရှေ့တန်း (သို့) အလယ်တန်း တိုက်စစ်မှူး | နယ်သာလန် ၁၉၇၄ ဖီဖာ ကမ္ဘာ့ဖလား |
ပီလီ | ရှေ့တန်း (သို့) အလယ်တန်း တိုက်စစ်မှူး | ဘရာဇီး ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဖီဖာ ကမ္ဘာ့ဖလား |
ကိုးကား
- FIFA DREAM TEAM: Maradona voted top player Archived 6 October 2012 at the Wayback Machine.. Reuters. 10 June 2002.
- Marcelo Leme de Arruda (24 July 2014)။ World All-Time Teams။ RSSSF.com။ 2 August 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.