ဗလာဒီမီယာ ဗီဗော့ဒ်စကီး

ဗလာဒီမီယာ အလက်ဇန်းဒရိုးဗစ်ချ် ဗီဗော့ဒ်စကီး (ရုရှား: Влади́мир Алекса́ндрович Воево́дский; အင်္ဂလိပ်: Vladimir Alexandrovich Voevodsky) ((1966-06-04)ဇွန် ၄၊ ၁၉၆၆ ဖွား) သည် ရုရှ-အမေရိကန် သင်္ချာပညာရှင်တစ်ဦး ဖြစ်ပြီး၊ အက္ခရာသင်္ချာ ဗရိုင်ရတီများ[မှတ်စု 1] (algebraic varieties) အတွက် ဟိုမိုတော်ပီ သီအိုရီ (homotopy theory) ကို ဖော်ထုတ်နိုင်ခြင်းကြောင့် လည်းကောင်း၊ မိုးတစ်များ[မှတ်စု 2] ဆိုင်ရာ ကိုဟိုမော်လော်ဂျီ[မှတ်စု 3] (motivic cohomology) ကို တွက်ထုတ်နိုင်ခြင်းအတွက် လည်းကောင်း ကျော်ကြားသူဖြစ်သည်။

ဗလာဒီမီယာ ဗီဗော့ဒ်စကီး
မွေးဖွား (1966-06-04) ဇွန် ၄၊ ၁၉၆၆
en:Moscow, en:Soviet Union
နိုင်ငံလူမျိုးen:Russian
နယ်ပယ်en:Mathematics
အဖွဲ့အစည်းဌာနen:Institute for Advanced Study
မိခင်ကျောင်းen:Moscow State University
en:Harvard University
ပါရဂူဘွဲ့ ကြီးကြပ်သူen:David Kazhdan
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ၂၀၀၂ ဖီး ဆုတံဆိပ် (Fields Medal)

မှတ်စု

  1. အက္ခရာသင်္ချာ ဗရိုင်ရတီများမှာ ပိုလီနိုမီရယ်ညီမျှခြင်းစနစ်၏ အဖြေစုများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
  2. မိုးတစ် (motive ခေါ် motif) တစ်ခုသည် အက္ခရာသင်္ချာ ဗရိုင်ရတီတစ်ခု၏ အခရာကျသည့် အပိုင်းများကို စုစည်းသတ်မှတ်ထားခြင်းဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
  3. ကိုဟိုမော်လော်ဂျီ (cohomology) ဆိုသည်မှာ တိုပေါ်လော်ဂျီ ဟင်းလင်းပြင်တစ်ခုနှင့် ဆက်စပ်သက်ဆိုင်သည့် အာဘဲလီယန် အုပ်စု (Abelian group) ခေါ် ပတ်လည်ညီ အုပ်စုများပါ ကိန်းစဉ်တန်းတစ်ခုနှင့် ပတ်သက်သည့် ယေဘုယျဝေါဟာရတစ်ခု ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.