ဗာဆိုင်းစာချုပ်
ဗာဆိုင်းစာချုပ် (The Treaty of Versailles) သည် ပထမကမ္ဘာစစ်ကို ပြီးဆုံးစေခဲ့သော စာချုပ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုစာချုပ်မှ ဂျာမနီနိုင်ငံ နှင့် မဟာမိတ်နိုင်ငံများ ကြားရှိ စစ်မက်ဖြစ်ပွားမှုများကို အပြီးသတ်စေခဲ့သည်။ ဗာဆိုင်းစာချုပ်ကို ဖရန်စစ် ဖာဒီနန် မင်းသား လုပ်ကြံခံရသည်မှ ၅ နှစ် တိတိ ကြာမြင့်သော အချိန် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဂျာမနီနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်သော အခြားအင်အားကြီးနိုင်ငံများကို အခြားစာချုပ်များဖြင့် ဖြေရှင်းခဲ့သည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်မှ စစ်ပွဲကို ရပ်တန့်ခဲ့သော်လည်း ပြင်သစ် ငြိမ်းချမ်းရေး ကွန်ဖရန့်တွင် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုရန် အတွက် ညှိနှိုင်းရသည်မှာ ၆ လမျှ ကြာမြင့် ခဲ့သည်။ ဗာဆိုင်းစာချုပ်ကို နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အတွင်းရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စာချုပ် စာရင်းတွင် ထည့်သွင်းခဲ့သည်။
