ဗိဿနိုးနတ်

ဗိဿနိုး (သို့) ဗစ်ရှ်နူး သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုဘုရားး (God Vishnu) ၏ အ၀တာရ (လူ၀င်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗိဿနိုဘုရားသည် ယခုထက်တိုင် သက်ရှိထင်ရှားရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။

ဗိဿနိုးဘုရားရှင်နှင့် မယ်တော် လက်ချ်မီး (လက္ချမီး) သည် သျှေးသျှမြွေမင်းပေါ်တွင် ထိုင်နေသည်။

သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။ [1]

ကိုးကား

  1. Devdutt Pattanaik။ Is Buddha an avatar of Vishnu? 15 February 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.