ဗီယက်ဂျက် လေကြောင်းလိုင်း

ဗီယက်ဂျက် လေကြောင်းလိုင်း (အင်္ဂလိပ်: VietJet Aviation Joint Stock Companyဗီယက်နမ်: Công ty Cổ phần Hàng không VietJet) သည် ဗီယက်နမ်နိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သည်။ ဤလေကြောင်းလိုင်းကို ၂၀၀၇-ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခရီးသည် ၁၀ သန်းကျော်ကို ပို့ဆောင်နိုင်ခဲ့သည်။[1] ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ ဟနွိုင်းမြို့သို့ ခရီးစဉ်ဖြင့် ပထမဦးဆုံးခရီးကို စတင်ပျံသန်းခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအထိ လေကြောင်းလိုင်းတွင် လေယာဉ်ပျံ အစင်းပေါင်း ၂၀ ရှိပြီး ဗီယက်နမ်နိုင်ငံတွင်း လေဆိပ်နှင့်အာရှရှိမြို့ကြီး ၅ မြို့သို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေသည်။ ၂၀၁၄ ခုနှစ်တွင် Airbus A320 လေယာဉ်ပျံ ၆၃ စင်းကို ဝယ်ယူရန် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ [2]

VietJet Air
IATA ICAO Callsign
VJ VJC VIETJET
စတင်ပျံသန်း၂၅ ဒီဇင်ဘာ ၂၀၁၁
မိခင်ဌာန
ပူးပေါင်းကုမ္ပဏီထိုင်းဗီယက်ဂျက် လေကြောင်းလိုင်း
လေယာဉ်ပေါင်း၃၈
ပျံသန်းဌာနေပေါင်း၅၃
ဆောင်ပုဒ်ဗီယက်နမ်: Bay là thích ngay!
အင်္ဂလိပ်: Enjoy Flying!
မိခင်ကုမ္ပဏီSovico Holdings, HDbank.
ဌာနချုပ်Ba Đình, ဟနွိုင်းမြို့ဗီယက်နမ်နိုင်ငံ
အရေးပါသူများNguyen Thi Phuong Thao (CEO)
ဝန်ထမ်း၂,၀၀၀
ဝက်ဘ်ဆိုဒ်vietjetair.com

ကိုးကား

  1. VietJet Air welcomes its 10 millionth passenger VietJet Air 11 February 2015 တွင် ပြန်စစ်ပြီး။
  2. Manila Bulletin။ VietJetAir orders 63 Airbus A320s for major fleet expansion Manila Bulletin - Latest Breaking News - News Philippines 4 January 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.