ဘုရင့်နောင်ဈေး

ဘုရင့်နောင်ဈေးသည် ရန်ကုန်မြို့၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာ ကုန်စည်ဒိုင်ကြီး ဖြစ်ပါသည်။ ဘုရင့်နောင်ဈေးကို ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ထပ်အဆောက်အဦများဖြစ်ကာ ကြမ်းပြင်အကျယ်သည် ၁၂၀၀ နှင့် ၂,၄၀၀ စတုရန်းပေ (၂၂၀ စတုရန်း မီတာ) ရှိသည်။[1] ဘုရင့်နောင်ဈေးသည် အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပဲအမျိုးမျိုးကို လက်ကားရောင်းချရာ တခုတည်းသောနေရာဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားသို့ ပဲတင်ပို့မှုသည် ၁.၃၄ မီလီယံတန်ရှိပြီး အမေရိကန်ဒေါ်လာ ၇၅၀ မီလီယံရှိသည်။[2][3]

ဘုရင့်နောင်ဈေး
တည်နေရာမရမ်းကုန်းမြို့နယ် ၁၁၀၆၂၊ ရန်ကုန်မြို့
ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံ
ကိုဩဒိနိတ်16°51′59″N 96°06′26″E
ဖွင့်လှစ်သည့်နေ့စွဲ၁၉၉၀[1]

မတ်ပဲသည် အဆိုပါဈေးတွင် အဓိကတင်ပို့သော ပဲတစ်မျိုးဖြစ်သည်။[4] ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ စသော ပဲ တန်လေးထောင်ခန့်သည် နေ့စဉ် ရောင်းဝယ်ဖောက်ကားမှု ဖြစ်နေသည်။[3] ထို့ပြင် ဘုရင့်နောင်ဈေးသည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးသို့ ငပိငါးခြောက်များကို အဓိက လက်ကားရောင်းချရာ နေရာကြီးလည်း ဖြစ်ပါသည်။

ဘုရင့်နောင်ဈေးကို အင်တာနက်အခြေပြု ကုန်သွယ်မှု သတင်းအချက်အလက်ကွန်ယက်၏ ဗဟိုအဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ထားကာ ဈေးနှုန်းတသတ်မှတ်တည်း တည်ငြိမ်စေရန် နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရောင်းချရသော ကုန်စည်ဒိုင်ကြီးအဖြစ် ဆောက်လုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။[5][6] လက်ရှိတွင် မြန်မာနိုင်ငံရှိ ကုန်စည်ဒိုင်များသည် တယ်လီဖုန်းများဖြင့်သာ ချိတ်ဆက် ရောင်းဝယ်နေကြသည်။[5] ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ဘုရင့်နောင်ဈေး၌ ပြည်တွင်းဈေနှုန်းများကို အချိန်နှင့်တပြေးညီ ပြသသော စနစ်တစ်ခု ရှိလာခဲ့သည်။ ဆီထွက်သီးနှံအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ငရုတ်သီးစိမ်းတို့၏ ပြည်တွင်းနှင့် နိုင်ငံတကာဈေးနှုန်းများကိုလည်း မကြာမီ ထည့်သွင်းနိုင်မည်ဟု မျှော်မှန်းခဲ့ကြသည်။[6] ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းသည် ပြည်တွင်းနှင့် ပြည်ပမှ အရောင်းအဝယ်များအားလုံးကို ဘုရင့်နောင်ဈေးတွင်သာ အပြီးသတ်ပြုလုပ်ရန် လိုလားခဲ့ကြသည်။[3]

ကိုးကား

  1. ဇော်ထက်နှင့် မေသန္တာဝင်း (၂၀၀၆-၀၉-၀၄). "Market reforms lead to Bayintnaung boom". မြန်မာတိုင်း(မ်). Archived 29 January 2009 at the Wayback Machine.
  2. ရီရီထွေး (၂၀၀၈-၁၀-၀၆). "Bank, exporters gamble on higher prices". မြန်မာတိုင်း(မ်). Archived 23 November 2008 at the Wayback Machine.
  3. သိုက်ဇင် (2009-08-31). "Beans and pulses markets level out". မြန်မာတိုင်း(မ်). Archived 10 September 2009 at the Wayback Machine.
  4. တင်မိုးအောင် (၂၀၀၇-၀၄-၀၉). "Beans and pulses traders anticipate export price rise". မြန်မာတိုင်း(မ်). Archived 5 October 2007 at the Wayback Machine.
  5. ထင်ကျော် (၂၀၀၈-၀၉-၀၈). "No completion date set for comms trading network". မြန်မာတိုင်း(မ်). Archived 21 September 2008 at the Wayback Machine.
  6. ထင်ကျော် (၂၀၀၈-၁၀-၀၆). "Bayintnaung launches E-information system". မြန်မာတိုင်း(မ်). Archived 16 July 2011 at the Wayback Machine.

Burma Markets Information Daily

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.