ဘောဘောကြီးစေတီတော်
ဘောဘောကြီးစေတီသည် သရေခေတ္တရာမြို့ဟောင်းတွင် တည်ရှိသည့် ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်သည်။[1]

ဘောဘောကြီးစေတီတော်
တည်နေရာ
စေတီတော်သည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။[1]
တည်ထားကိုးကွယ်ခြင်း
စေတီတော်ကြီးကို ဒွတ္တပေါင်မင်းကြီးသည် တည်ထားကိုးကွယ်ခဲ့သည်။ မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်ကိုးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။
စေတီတော်ကို အေဒီ ၆ - ၇ ရာစုတွင် တည်ထားခဲ့ပြီး ဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များကို ဌာပနာထားသည်။[1]
အတိုင်းအတာများ
စေတီတော်သည် ဉာဏ်တော် ၄၆.၆၃၄ မီတာ ရှိသည်။ လုံးပတ်တော်သည် ၆၄.၈ မီတာ ရှိသည်။ စေတီတော်၏ ပုံသဏ္ဌာန် ပစ္စယံငါးဆင့်ခံ၍ ၎င်းပစ္စယံပေါ်တွင် ထုလုံးရှည် (ဆလင်ဒါ) ပုံ အုတ်စေတီကို တည်ထားခြင်း ဖြစ်သည်။[1]
စေတီတော်သည် အိန္ဒိယနိုင်ငံ၊ ဆာရ်နတ်အရပ်ရှိ အနတ္တလက္ခသုတ်ဟောတော်မူရာ အထိမ်းအမှတ်စေတီဖြစ်သော ဓမ္မေခစေတီနှင့် ဆင်တူသည်။[1]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.