ဘောလုံးအကယ်ဒမီ (မန္တလေး)
ကျောင်းအုပ်ကြီးမှာ ဦးစိုးညွန့် ဖြစ်သည်။ နည်းပြချုပ်အဖြစ် ဘရာဇီးနိုင်ငံသား ဝီလ်ဆင်သော လေးတိုးကို ငါးနှစ်တာဝန် ခန့်အပ်ထားသည်။ နိုင်ငံခြားနည်းပြချုပ် တစ်ဦး၊ မြန်မာနည်းပြ သုံးဦးတို့က တာဝန်ယူ သင်ကြားပေးမည်ဖြစ်သည်။ ၁၁ နှစ်အောက် (၃၀)ယောက် ၊ ၁၃ နှစ်အောက် (၃၀)ယောက်၊ ၁၅ နှစ်အောက် (၃၀)ယောက် ရွေးချယ်ထားသည်။ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး တက်ရောက်အောင်မြင်သူအား ဘောလုံးအကယ်ဒမီက အသိအမှတ်ပြု အောင်လက်မှတ်ထုတ် ပေးမှာဖြစ်သည်။[1]
၂၀၁၁-ခု၊ မတ်လ (၁၅)ရက်နေ့တွင် (FIFA)မှဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာက မြန်မာဘောလုံးအကယ်ဒမီ သင်တန်းကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ကိုးကား
- ၂၀၁၀-ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်