ဘော့စတွန်မြို့

ဘော့စတွန်မြို့သည် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်ပြီး အမေရိကန်နိုင်ငံ အတွင်း ရှေးအကျဆုံးသောမြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်သည်။ နယူးအင်္ဂလန်ဒေသ အတွင်း အကြီးဆုံး မြို့ ဖြစ်သဖြင့် တရားဝင်ကြေငြာ သတ်မှတ်ထားခြင်း မရှိသော်လည်း နယူးအင်္ဂလန်ဒေသ၏ မြို့တော် အဖြစ် ခေါ်ဝေါ်ကြပြီး ဘော့စတွန်မြို့မှ ယဉ်ကျေးမှု ဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများသ်ည နယူးအင်္ဂလန်ဒေသ တစ်ခုလုံးသို့ အကျိုးသက်ရောက်မှု ရှိသည်။ မြို့တော်နယ်နိမိတ်သည် ၄၈.၄၃ စတုရန်းမိုင် ရှိပြီး ၂၀၁၀ ခုနှစ် အမေရိကန် လူဦးရေ စာရင်းဇယားအရ လူဦးရေ ၆၁၇,၅၉၄ ဦးမျှ ရှိသည်။ ဘော့စတွန်မြို့သည် ဂရိတ်တား ဘော့စတွန်ဟု ခေါ်သော မြို့ပြဧရိယာ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုဒေသအတွင်း လူဦးရေ ၄.၅ သန်းမျှ နေထိုင်ကြကာ နိုင်ငံအတွင်း ဒသမမြောက် အကြီးဆုံး မြို့ပြ ဧရိယာ တစ်ခု ဖြစ်သည်။ ဂရိတ်တား ဘော့စတွန် မြို့ပြ ဧရိယာအတွင်း သွားလာ နေထိုင်ကြသော လူဦးရေ ၇.၆ သန်းမျှ ရှိသဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း ပဉ္စမမြောက် စာရင်းဇယားအားဖြင့် အကြီးဆုံးမြို့ တစ်မြို့ အဖြစ် ရှိစေသည်။

ဘော့စတွန်မြို့ပြ မြင်ကွင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.