မင်းအောင် (အဆိုတော်)

မင်းအောင် (၄ အောက်တိုဘာ ၁၉၅၆–၂၂ ဖေဖော်ဝါရီ ၂၀၀၁) သည် မြန်မာနိုင်ငံသား စတီရီယို အဆိုတော် တစ်ဦး ဖြစ်သည်။

မင်းအောင်
မွေးဖွား၄ အောက်တိုဘာ ၁၉၅၆
ဟင်္သာတမြို့ဧရာဝတီတိုင်း
ကွယ်လွန်၂၂ ဖေဖော်ဝါရီ ၂၀၀၁
ရန်ကုန်မြို့
အလုပ်အကိုင်အဆိုတော်

အစောပိုင်းဘဝ

တေးသံရှင် မင်းအောင်ကို အဘ ဦးသန်းညွန့် + အမိ ဒေါ်ခင်ခင်ဆွေ တို့မှ ၁၉၅၆ အောက်တိုဘာလ ၄ ရက်တွင် ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ သုံးယောက်တွင် အစ်ကို အကြီးဆုံးဖြစ်ပြီး ညီမနှစ်ယောက် ရှိသည်။ မူလတန်းပညာကို ဟင်္သာတမြို့ လက်သမားရပ် မူလတန်းကျောင်းတွင် သင်ကြားပြီး အထက်တန်းပညာကို ဟင်္သာတမြို့ အမှတ် ၄ အစိုးရ အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ အောင်ကိုလတ်၏ဇနီး တင်မိုးခိုင်နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်။

အနုပညာလှုပ်ရှားမှုများ

အနုပညာ ဝါသနာအရ ဟင်္သာတမြို့ရှိ ခေတ်ပေါ်တေးဂီတဝိုင်းများတွင် တေးသီချင်းများ စတင် သီဆိုပြီး ပထမဆုံး တေးစီးရီးဖြစ်သော မင်းသားလေးလို လွမ်းပြမယ် တေးစီးရီးကို ၁၉၇၆ ခုနှစ် ဇန်နဝါရီ လ ၁၂ ရက် နေ့တွင် အောင်ကိုလတ် နှင့် ညီအစ်ကိုများ တေးဂီတအဖွဲ့ (The Brother's)နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းယူခဲ့သည်။

ဒုတိယ တေးစီးရီးဖြစ်သော အသည်းနွမ်းခေါ်သံ ( ရဝေ-ရဝေ )ကို ၁၉၇၈ ခုနှစ်တွင် သွင်းယူခဲ့သည်။ ဒုတိယစီးရီးမှစပြီး ဟင်္သာတမြို့ တေးသံသာ တေးသံသွင်း ဦးလှသွင် ၏ အဆက်အသွယ်ဖြင့် ရန်ကုန် တေးပုလဲ ဦးဘမြင့် နှင့် တေးစီးရီး ဆယ်ခု စာချုပ် ချုပ်ဆို ထွက်ရှိခဲ့သည်။ ၁၉၇၉ ခုနှစ် ပလေးဘွိုင်းအဖွဲ့ နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းခဲ့သော လွမ်းစိတ်နဲ့ မျှော်နေမယ် စီးရီးမှာ အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ပေ။ ပလေးဘွိုင် အဖွဲ့ မှ ကိုသိန်းတန် ခွဲထွက်လာပြီး နောက် ပထမဆုံး အနေနှင့် နှစ်ပါးသွားလေး ကချင်ပြီ စီးရီး ကို Love,Peace & Joy ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ်အသံသွင်းယူခဲ့သည်။ အချစ်ရှေ့နေ တေးစီးရီးကို ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ် အသံသွင်းနေစဉ် ရက်ကောဒင်း ဒိတ် အခက်အခဲကြောင့် Super Star တေးဂီတ အဖွဲ့ နှင့်ပါ နှစ်ဖွဲ့ တီးခတ် အသံသွင်းယူခဲ့သည်။

၁၉၇၉ နိုဝင်ဘာလ တွင် မခင်ငြိမ်းစိုး နှင့် လက်ထပ်ခဲ့သည်။ ၁၉၈၁ တွင် တေးပုလဲ ဦးဘမြင့်နှင့် စာချုပ်ပြည့် ပြီးနောက် ရန်ကုန်မြို့ ဘားလမ်းတွင် မင်းသားလေး တေးသံသွင်း ဆိုင်ဖွင့်လှစ်ပြီး ပထမဆုံး မြမျက်ရည်မိုး တေးစီးရီးကို ဂီတမှူး ဒေါက်တာ အင်ဒရှုးကောင်း တေးဂီတအဖွဲ့နှင့် တီးခတ် ထုတ်လုပ်ခဲ့သည်။

သီဆိုခဲ့သော တေးသီချင်းနှင့် စီးရီးများ

တေးသံရှင် မင်းအောင်  သီဆိုခဲ့သော မြန်မာသံစဉ်စတီရီယို တေးသီချင်းများမှာ ရဝေရဝေ (သို့) အသည်းနွမ်းခေါ်သံ၊ ဟေဝန်နန်း၊ ဂုဏ်မြင့်သူလှည့်စားရက်တယ်၊ နိုင်တော်မူ(၁)၊(၂)၊ ရုပ်ဆိုသူငိုပွဲ၊ မိငယ် ခေါ် မိလွယ်၊ မုန်းသင့်မှမုန်း၊ ရွှေအိမ်စံအယူခံတေး၊ အသက်မရှိတောင် ဆက်လို့သီချင်းဆိုမယ်၊ သူများနဲ့ညာတဲ့ ငါ့ရည်းစားသို့၊ ချစ်ရသူနဲ့ ညားကြပါစေ၊ မင်းသားလေးလို လွမ်းပြမယ်၊ အကယ်ဒမီဂုဏ်မြင့်သူ၊ လက်ဝဲသုန္ဒရတို့ခေတ်၊ လွမ်းစိတ်နဲ့ မျှော်နေမယ်၊ စိမ်းနိုင်ပါစေ ငယ်ကျမ်းဆွေ၊ လွမ်းကမ္ဘာ၊ ချစ်ဧည့်သည်၊ အမေနေတဲ့ ရွာကလေး၊  အချစ်တွင်မျက်စိမရှိ၊ အညာသူသို့၊ နေမင်းကိုကို၊ လမင်းကိုကို၊ သဲအိမ်လေး၊   မင်းပြုသမျှ၊ ချစ်သင့်မှချစ်၊ သနားတယ်၊ ဆယ်ခါပြန်ကွဲပလေ့စေ၊ မနက်ရှစ်နာရီ ညရှစ်နာရီ၊ တက္ကသိုလ်က ချစ်အကြောင်း၊ မလွမ်းပိုမငိုနဲ့၊ မောင်ပြန်လာပြီ မလွမ်းပို၊ လွမ်းတယ် နန်း၊ မောင်မကြာမကြာ လာခဲ့မယ်၊ ဆရာမ၊ လွယ်လွယ်လွမ်း လွယ်လွမ်းလို့လား၊ လမင်းလား ယက္ခလား နေခြည်၊  စသည့် သီချင်းများ ဖြစ်ကြပြီး သီးချင်း အပုဒ်ရေပေါင်း (၄၀၀)ကျော် ကို သီဆိုခဲ့ပါသည်။

သူ၏နောက်ဆုံးတေးစီးရီးမှာ  ငါနှင့်ညားတဲ့သူများရည်းစား ဖြစ်သည်။

တေးစီးရီးများ

  1. မင်းသားလေးလိုလွမ်းပြမယ်
  2. ရဝေရဝေ (သို့) အသည်းနွမ်းခေါ်သံ
  3. မျက်ရည်လေးတွေ စုထားမယ်
  4. သူများနဲ့ညားတဲ့ ငါ့ရည်းစား သို့
  5. အချစ်ရှေ့နေ
  6. နှလုံးသားလက်ဖွဲ့ အိမ်အပြန်
  7. ချစ်ဧည့်သည်
  8. ချစ်သင့်မှချစ်
  9. နှစ်ပါးသွားလေး က,ချင်ပြီ
  10. ဘဝသံသရာ
  11. ၈၆ ကုမုဒြာ
  12. ဖူးစာ
  13. အကောင်းဆုံးတေးများ
  14. အသက်မရှိတောင် ဆက်လို့သီချင်းဆိုမယ်
  15. ငါနဲ့ညားတဲ့ သူများရည်းစား

ဘဝနိဂုံး

၂၀၀၁ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့၌ ရုတ်တရက် ကွယ်လွန်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.