မန်ချူး

အမည်နှင့် တည်နေရာ

မန်ချူးသည် လူမျိုး၏အမည် ဖြစ်ပြီး ဒေသ၏ အမည်လည်းဖြစ်သည်။ မြန်မာဘာသာဖြင့် မန်ချူး၊ အင်္ဂလိပ်ဘာသာဖြင့် Manchukuo ၊ တရုတ်ဘာသာ အသံထွက်ဖြင့် ရေးပါက (滿州國 Mǎnzhōu Guó) ဟုခေါ်သော နိုင်ငံသည် ၁၉၃၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း မန်းချူးအရပ် (တောင်ဘက်မန်းချူး၊ ယခုတရုတ်ပြည် အရှေ့မြောက်ပိုင်း) တွင် တည်ရှိခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ အနောက်တိုင်းသားများက လူမျိုးကို မန်ချူးရီးယား Manchuria ဟုခေါ်ပြီး တိုင်းပြည်ကို မန်ချူးကိုး Manchukuo ဟုခေါ်သည်။ တရုတ်ပြည်သူ့ အမျိုးသားပါတီ အစိုးရ၏အုပ်ချုပ်မှုအောက်မှ ခွဲထွက်ကာ သီးသန့် ရပ်တည်ခဲ့ပြီး ၊ နိုင်ငံအချို့၏ အသိအမှတ်ပြုခြင်းကိုလည်း ခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုစဉ်က ဂျပန်လက်အောက်ခံ ကိုရီးယားနိုင်ငံ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၊ ဆိုဗီယက် ပြည်ထောင်စု၊ မွန်ဂိုပြည်သူ့သမ္မတနိုင်ငံ၊ မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်တို့နှင့် နယ်နမိတ်ဆက်စပ်ခဲ့သည်။

လူမျိုးစုဆင်းသက်ပုံ

“မင်”(明)မင်းဆက်၏ နောက်ဆုံးကာလတွင် ထိုဒေသတွင်နေထိုင်ခဲ့သော တွန်ဂါးစ် Tungus မျိုးနွယ်ဖြစ်သည့် ဂျာရှင်း (女真) လူမျိုးများသည် နုရ်ဟာချီ Nurhaci 努爾哈赤 မင်း ၏ စည်းရုံးပေါင်းစည်းမှုဖြင့် အင်အားတောင့်တင်းလာခဲ့သည်။ နုရ်ဟာချီမင်းသည် မိမိ၏လူမျိုးအမည်ကို မန်ချုးဟုပြောင်းလဲ မှည့်ခေါ်ခဲ့သဖြင့် ၊ ၎င်းတို့ နေထိုင်ရာ အရပ်ကိုလည်း မန်းချူးဟု ပြောင်းလဲ ခေါ်ဝေါ် လာကြသည်။ မန်ချူးဆိုသော နာမည် ဖြစ်လာရခြင်း အကြောင်းကို အမျိုးမျိုးဖွင့်ဆိုရှင်းပြကြသည့် အထဲတွင် ၊ ထိုအချိန် ၎င်းအရပ်တွင် ယုံကြည်ကိုးကွယ်ခဲ့သော ဘုရားအလောင်း ဗောဓိသတ္တ ၏ တရုတ်ဘာသာအမည် မန်ဂျုးစရီ Mañjuśrī ကို အစွဲပြုသော အခေါ်အဝေါ်မှ အသံထွက်ပြောင်းလဲ ဆင်းသက်လာသည်ဟူသော အဆိုလည်းရှိသည်။ “ချင်”မင်းဆက်နောက်ပိုင်း မန်းချူးအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသော အရပ်သည် ရှေးအခါက ရေကြည်ရာမြက်နုရာ သွားလာနေထိုင်ခဲ့ကြသူများနှင့် ဟန်တရုတ်လူမျိုး (漢民族 Han-Chinese) များ စစ်တိုက်ခဲ့ရာဒေသတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ လက်အောက်ခံဖြစ်ခဲ့ခြင်း

ရုရှားနိုင်ငံက ပထမဦးစွာ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ဂျပန်တို့က ဆက်လက်ဝင်ရောက်ကာ International Military Tribunal for the Far East ဆုံးဖြတ်ချက်ဖြင့် ၁၉၃၁ ခုနှစ်တွင် ရုပ်သေးအစိုးရကိုပါ တည်ထောင်အုပ်ချုပ်ခဲ့ သောကြောင့် ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံ၏ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ရသည်။ ၁၉၃၂ခုတွင် မန်ချူး(清)မင်းဆက်နောက်ဆုံးဖြစ်သော Àixīnjuéluó Pǔyí အိုက်ဂျင်လူအို ပုရီ ဘုရင်က အုပ်ချုပ်ခဲ့သည်။ [1] ၁၉၃၁ ခုနှစ် မန်ချူးပဋိပက္ခ Manchurian Incident ဖြင့် မန်ချူး၏ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပွားခဲ့ရသည်။ ထိုစဉ်က ဂျပန်ဧကရာဇ်နိုင်ငံတော်၏ ခန်းတိုးစစ်တပ်မှ မန်ချူးတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီးခဲ့သည်။ ဂျပန်အစိုးရ၏ ကိုလိုနီနိုင်ငံ အဖြစ်သတ်မှတ်ခံခဲ့ရသော်လည်း ရုပ်သေးနိုင်ငံ အဖြစ်မကျရောက်ခဲ့ပါဟုဆိုသော မှတ်တမ်းများလည်း ရှိသည်။

လက်ရှိအခြေအနေ

ယခုအခါတွင် မန်ချူးဆိုသော အခေါ်အဝေါ်ပျောက်ကွယ်ကာ တရုတ်နိုင်ငံ အရှေ့မြောက်အရပ်ဟု ခေါ်ဝေါ်သုံးစွဲလျှက်ရှိသည်။ လက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ The People’s Republic of China ၏ အရှေ့မြောက်အရပ်တွင်ရှိပြီး တရုတ်ပြည်တွင်း မွန်ဂို ပြည်နယ်အုပ်ချုပ်ရေးနယ်မြေ INNER MONGOLIA AUTONOMOUS REGION တစ်ခုဖြစ်သည်။

ကျမ်းကိုး

  1. Encyclopædia Britannica article on Manchukuo 21 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.