မဟာနာမ

မဟာနာမ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဘောဇဉ်အရသာ၊ ဆေးတို့ဖြင့် လှူဒါန်းသည့် ဥပါသကာများတွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။ မြတ်စွာဘုရားကို ပထမအကြိမ် ဖူးမြော်ရုံဖြင့် သောတာပန် ဖြစ်သူလည်း ဖြစ်၏။

မဟာနာမသည် ကပိလဝတ်ပြည်သား ဖြစ်၏။ အရှင်အနုရုဒ္ဓါ၏ အကို ဖြစ်၏။ သာကီဝင်မင်းမျိုး ဖြစ်၏။ မြတ်စွာဘုရားနှင့် သံဃာတော်များ ဝေရဉ္ဇာမြို့တွင် ဆွမ်းကိစ္စ ပင်ပန်းကုန်၏။ မဟာနာမ ကြားသော် စိတ်မကောင်း ဖြစ်၏။ ကပိလဝတ်သို့ ကြွလာသောအခါ ဘုရားအမှူးပြုသော ရဟန်းတို့ကို ဘောဇဉ်ငါးပါး၊ စတုမဓုဆေးတို့ဖြင့် နေ့စဉ်လှူဒါန်း၏။ ရဟန်းများ၏ ကိုယ်တွင် ဩဇာအဆီအစေးကို ထည့်သွင်းပေး၏။ ထိုသို့ ကျွေးမွေးလှူဒါန်းသည်မှာ လေးလ သုံးကြိမ် ဖြစ်၏။ မင်းသားသည် ဘုရားရှင်အား ထပ်မံလှူဒါန်းရန် ပြောလေ၏။ ဘုရားရှင်သည် ခွင့်မပြုခဲ့ပေ။ ထိုအခါ မဟာနာမသည် မိမိထံရောက်လာသော သံဃာတော်များကို ဘောဇဉ်ငါးပါး၊ စတုမဓုဆေးတို့ဖြင့် ဆက်ကပ်လှူဒါန်းသူဟု ကျော်ဇော၏။

ထိုကြောင့် မြတ်စွာဘုရားသည် ရဟန်းသံဃာတို့အား ဘောဇဉ်အရသာ၊ ဆေး တို့ဖြင့် လှူဒါန်းသည့် ဥပါသကာတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ကို ပေးခဲ့သည်။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၈၉၊ ၅၉၀။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.