မာနရေကန် အမျိုးသားဥယျာဉ်

မာနရေကန် အမျိုးသားဥယျာဉ် သည် ဇင်ဘာဘွေ မြောက်ပိုင်းရှိ ၂၁၉,၆၀၀ ဟက်တာ မျှရှိသော တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာနှင့် အမျိုးသားဥယျာဉ် ဖြစ်သည်။ [1] ၎င်းသည် ဇင်ဘာဘွေ ရှိ ဇမ်ဘီဇီမြစ် ၏အောက်ပိုင်းဒေသဖြစ်ပြီး မိုးရာသီ တိုင်းတွင် ရေလွှမ်းလွင်ပြင်များ သည် ကျယ်ပြန့်၍ လှပသော ရေကန်များ ဖြစ်လာသည်။ ရေကန်များ တဖြည်းဖြည်း ခန်းခြောက်၍ ရေနည်းလာသည်နှင့်အမျှ ဒေသသည် ကြီးမားသော တိရစ္ဆာန်အမြောက်အများကို ရေရှာဖွေရန် ဆွဲဆောင်သဖြင့် ၎င်းသည် အာဖရိက ၏ကျော်ကြားသော တောလိုက်တိရစ္ဆာန် ကြည့်ရှုသည့် ဒေသတစ်ခု ဖြစ်လာသည်။

မာနရေကန် အမျိုးသားဥယျာဉ်၊ ဆေပီနှင့် ချီဝိုး တောလှည့် ဒေသ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဇင်ဘာဘွေ
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း iv, iv
ကိုးကား ၃၀၂
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၄  (အဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အဆိုပါ ဥယျာဉ်သည် ဆာပီ တောလှည့်ဒေသ (၁၁၈,၀၀၀ ဟက်တာ) နှင့် ချီဝိုး တောလှည့်ဒေသ (၃၃၉,၀၀၀ ဟက်တာ) တို့နှင့်အတူ တွဲဖက်. (339,000 ဟက်တာ) ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၄ ခုနှစ်တွင် တစ်ပေါင်းတည်း (စုစုပေါင်း ၆၇၆,၀၀၀ ဟက်တာ) သတ်မှတ်ခဲ့သည်။ [1] အဆိုပါ မာနာရေကန်ဒေသ အား အပြည်ပြည်ဆိုင်ရာ အရေးပါသော ရမ်ဆာ စိုစွတ်မြေ အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် သတ်မှတ်ခဲ့သည်။ [2]

ကိုးကား

  1. Mana Pools National Park, Sapi and Chewore Safari Areas, World Heritage Convention, UNESCO
  2. The Annotated Ramsar List: Zimbabwe The Ramsar Convention on Wetlands။ 10 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 February 2013 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.