မီတာ

မီတာ(အင်္ဂလိပ်: Metre) သည် အလျား အတိုင်းအတာ တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာ စံဖြစ်သော International System of Units (SI) မတ်ထရစ်စနစ်၏ အခြေခံ တိုင်းတာမှုဖြစ်သည်။

မီတာ
အတိုင်းအတာစနစ်မက်ထရစ်စနစ်
ယူနစ်၏အလျား
သင်္ကေတm
ယူနစ် ဖလှယ်မှုများ
1 m in ...... ညီမျှသည်မှာ ...
   SI units   1000 mm
1×10−3 km
   imperial units/US customary units   ၁.၀၉၃၆ ကိုက်
၃.၂၈၀၈ ပေ
၃၉.၃၇၀ လက်မ
   nautical units   ၀.၀၀၀၅၃၉၉၆ ရေမိုင်

သမိုင်းကြောင်း

ပဒေသရာဇ်ခေတ်

စက်ရုံတစ်ရုံ၏ ယန္တရားတစ်ခုတွင် အစိတ်အပိုင်းတို့သည် ထောင်နှင့်ချီ၍ ရှိနေတတ်၏။ ယင်းအစိတ်အပိုင်းများနှင့် စက်ယန္တရားဖြစ်အောင် တပ်ဆင်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့ကို စမ်းသပ်စစ်ဆေးသည့်အခါတွင်ဖြစ်စေ တိကျကိုက်ညီမှုရှိစေရန် တိုင်းတာကြရသည်။ ထိုသို့တိုင်းတာရာတွင် တိုင်းတာသည့်ကိရိယာများကို အသုံးပြုရသည်။ သို့မှသာ စက်၏တိကျမှုကို အာမခံနိုင်မည် ဖြစ်သည်။ တိုင်းတာသည့်ကိရိယာများသည် အတိုင်းအတာများမရှိဘဲနှင့် ဖြစ်လာနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ အလျားတိုင်းယူနစ်မရှိလျှင် ဤလုပ်ငန်းသည်လည်း ဆက်လက်ထွန်းကားနေစရာအကြောင်းမရှိတော့ပေ။

စက်အစိတ်အပိုင်းတစ်ခု၏ အရွယ်အစားကို အလွန်တိကျမှန်ကန်အောင် တိုင်းတာရန်မှာ အင်မတန်မလွယ်သည့် အလုပ်ဖြစ်သည်။ အခြားမည်သည်ကိုမျှမဆိုထားနှင့်၊ စံနမူနာပေတံတစ်ချောင်းရရန်ကိုပင် နှစ်,ထောင်ချီကြာမြင့်လေသည်။

ရှေးခေတ်က နိုင်ငံတိုင်း၌ အလျားတိုင်းယူနစ်များ ကိုယ်စီရှိကြလေသည်။ ဥပမာ။ ။ မြန်မာတို့တွင် အငယ်ဆုံး ဆံခြည်မျှင် မှ အကြီးဆုံး ယူဇနာ အထိ ရှိသည်။ ထို့ပြင် မင်းဆက်တိုင်း၌လည်း အပြောင်းအလဲ ရှိကြသေးသည်။ အပြောင်းအလဲများသော ပေတံကြောင့် တိကျသည့်စက်ကိရိယာ ပြုလုပ်ရန် များစွာအခက်တွေ့ကြရ၏။

စက်မှုတော်လှန်ရေးခေတ်နောက်ပိုင်း

ပဲရစ်မြို့ရှိ ကမ္ဘာ့ပထမဆုံးသော မီတာတံ

၁၈ ရာစုနှစ် စက်မှုတော်လှန်ရေးပြီးနောက် သိပ္ပံပညာအရပ်ရပ်သည် အလျင်အမြန် တိုးတက်လာသည်ဖြစ်ရာ သိပ္ပံပညာရှင်တို့သည် ရေရှည်မပြောင်းလဲနိုင်သည့်အပြင် နိုင်ငံတကာတွင်လည်း တညီတညွတ်တည်း အသုံးပြုနိုင်မည့် အလျားတိုင်းယူနစ်အတွက် စံတစ်ခုကို အပူတပြင်း ရှာဖွေကြပြန်သည်။ ထိုအချိန်ကသိပ္ပံပညာရှင်တို့သည် ကမ္ဘာလုံး၏အရွယ်အစားသည် ဘယ်သောအခါမျှ မပြောင်းလဲဟု ယူဆကြ၏။ ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်သိပ္ပံလောကမှ ပညာရှင်တို့သည် ကမ္ဘာ၏ လောင်ဂျီတွတ်မျဉ်းကို တိုင်းတာကြသည်။ အီကွေတာမှ သိပ္ပံဌာနရှိရာ ပဲရစ်မြို့ ကို ဖြတ်လျက် မြောက်ဝင်ရိုးစွန်းအထိရှိသော လောင်ဂျီတွတ်မျဉ်း၏ သိန်းတစ်ရာပုံတစ်ပုံ (ဝါ) တစ်ကုဋေပုံတစ်ပုံ(၁/၁၀၀၀၀၀၀၀)ကို စံအဖြစ် သတ်မှတ်ကာ တစ်မီတာဟု ခေါ်သည်။ ၎င်းအလျားအတိုင်း ပလက်တီနမ်ဖြင့်ပြီးသော ပထမဆုံးမီတာတံကို ပြုလုပ်လိုက်ကြသည်။

၁၈၈၉ နိုင်ငံတကာ အတိုင်းအတာအစည်းအဝေးပွဲကြီးက ပထမ စံမီတာတံအတိုင်း ပလက်တီနမ်-အီရီဒီယမ်(အင်္ဂလိပ်: Iridium)ဒြပ်ပေါင်းနှင့် ကန့်လန့်ဖြတ်မျက်နှာပြင် X ပုံသဏ္ဌာန်ရှိသော မီတာတံတစ်ခုကို ပြုလုပ်ကာ နိုင်ငံတကာအလျားတိုင်းစံအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။ ၎င်းနိုင်ငံတကာ စံမီတာတံကို ပဲရစ်မြို့၊ နိုင်ငံတကာ အချင်အတွယ်နှင့်အတိုင်းအတာရုံး (ဘီအိုင်ပီအမ်)၌ အမြတ်တနိုး သိမ်းဆည်းထားသည်။ နိုင်ငံအသီးသီးက ပုံတူပြုလုပ်ထားသော မီတာတံများကို အချိန်မှန်မှန် ပဲရစ်သို့ ပို့ကာ စံမီတာတံနှင့် တိုင်းကြည့်ရန် သတ်မှတ်ထားသည်။

အလျား တစ်မီတာအတွက် ယခင်ကစံပြုသတ်မှတ်ခဲ့သည်မှာ ပြင်သစ်နိုင်ငံမြူးနစ်မြို့ရှိ ပြတိုက်တစ်ခုတွင်သိမ်းဆည်းထားသောဘရွန်နစ် သတ္တုချောင်းတစ်ခုအပေါ်ရေးမှတ်သော အမှတ်အသားနှစ်ခုအကြားအကွာအဝေးကို အပူချိန် (၆၈)ဒီဂရီ ဖာရင်ဟိုက်ရှိစဉ် တိုင်းတာရရှိသော အကွာအဝေးဟူ၍ဖြစ်သည်။ယခုအခါတွင် ပိုမိုတိကျမှုရှိစေရန်အတွက် ခရမ်းလွန်ရောင်ခြည်၏ လှိုင်းအလျားတစ်ခုထက် အဆပေါင်းမည်မျှလျှင် တစ်မီတာရှိသည်ဟုပြင်ဆင်သိမှတ်ကြသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.