အတိုင်းအတာ

အတိုင်းအတာ ဆိုသည်မှာ အရာဝတ္ထု သို့ ဒြပ် တစ်ခု ၏ ဂုဏ်သတ္တိ ကို ယခင် သိထားသော ပမာဏ နှင့် နှိုင်းယှဉ်ဖေါ်ပြထားသော ကိန်းဂဏန်း ဖြစ်သည်။

မည်သည့်အရာများ ကို တိုင်းတာနိုင်သနည်း။

ဂုဏ်သတ္တိ များစွာ ကို တိုင်းတာနိုင်သည်။ တိုင်းတာနိုင်သော ဂုဏ်သတ္တိ အချို့မှာ−

အကွာအဝေး − ပမာဏ ကို တိုင်းတာ၍ အောက်ပါ တို့ကို သိနိုင်သည်။

  • အဲဒီ မြို့ ဘယ်လောက် ဝေး သေးသလဲ။
  • ထို သစ်ပင် နှစ်ပင် ဘယ်လောက် ဝေးသလဲ။
  • သင့်အရပ် ဘယ်လောက်ရှည်သလဲ။

အလေးချိန် − ပမာဏ ကို တိုင်းတာ၍ အောက်ပါ တို့ကို သိနိုင်သည်။

  • မုန့်ဟင်းခါး အချိန် ဘယ်လောက် ကျွေးမှာလဲ။
  • ဒီအိတ် ဘယ်လောက်လေး သလဲ။
  • ဒီ ဖောင်ပေါ် ကား တင်လို့ ရမလား။

အပူချိန် − ပမာဏ ကို တိုင်းတာ၍ အောက်ပါ တို့ကို သိနိုင်သည်။

  • ရန်ကုန် က ဒီမှာ ထက် ပိုပူသလား။
  • အဖျား ကျသွားပြီလား။

ထုထည် − ပမာဏ ကို တိုင်းတာ၍ အောက်ပါ တို့ကို သိနိုင်သည်။

  • ဒီတိုင်ကီ ရေ ဘယ်နှစ်ဂါလန် ဆန့်သလဲ။
  • တစ်သေတ္တာ ဆပ်ပြာဘယ်နှစ်တုံး ပါသလဲ။

ဖိအား − ပမာဏ ကို တိုင်းတာ၍ အောက်ပါ တို့ကို သိနိုင်သည်။

  • ကားရှေ့ဘီး လေ ဘယ်လောက် ထိုးမှာလဲ။
  • ဒီကို မုန်တိုင်း လာ နေပြီလား။

အတိုင်းအတာ ယူနစ်များ

ကိန်းဂဏန်း နှင့် ယူနစ်များ ကို အသုံးပြု၍ ဂုဏ်သတ္တိများစွာ ကို တိုင်းတာနိုင်သည်။ အတိုင်းအတာ ယူနစ် ဆိုသည်မှာ သတ်မှတ်ထားသော အခြေအနေတွင် နူန်းစံပြုထားသော ပမာဏ ဖြစ်သည်။ ဂုဏ်သတ္တိ ၏ ကိန်းဂဏန်း နှင့် ထို ပမာဏ ကို နှိုင်းယဉ်ခြင်းဖြင့် အတိုင်းအတာ ရလဒ်ကို သိနိုင်သည်။ ဉပမာ − သင့် အရပ်သည် တစ်ပေ ပေတံ၏ ၆ ခါ ရှိသည် ဆိုပါက သင့် အရပ် ၆ ပေရှည်သည်။

[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.