မီလီယံ

မီလီယံ (million) (မီလျံ ဟုလည်း စာလုံးပေါင်းကြ) ဟူသည် ရှေးခေတ် အီတာလျံစကား မီလီယံ (millione) မှဆင်းသက်လာသော အင်္ဂလိပ်စာလုံးဖြစ်သည်။ တစ်ထောင်ဟုအဓိပ္ပါယ်ရသော mille နှင့် ဆတိုးကိန်း နောက်ဆက်စာလုံး (suffix) ဖြစ်သည့် one တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ မြန်မာလိုအဓိပ္ပါယ်မှာ တစ်သန်း(၁,၀၀၀,၀၀၀) ဖြစ်သည်။ ၁နောက်မှ သုည (၆)လုံးပါရှိသည်။ သိပ္ပံပညာရပ်တွင် တန်ဖိုးများပြားကြီးမားလွန်းသော ကိန်းဂဏန်းများကို ဖော်ပြရာ၌ မီလီယံနှင့် အဓိပ္ပါယ်တူသော ရှေ့ဆက်စာလုံး (prefix) ဖြစ်သည့် မဂ္ဂါ (mega) ကို အသုံးပြုသည်။ ဥပမာအားဖြင့် ၁,၀၀၀,၀၀၀ ဝပ် ကို ၁မဂ္ဂါဝပ်ဟုဖော်ပြသည်။ ပမာဏ ဝပ်တစ်သန်းရှိသည်။

အခြားကြည့်ရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.