မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတော်ကြီးများ
မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတောင်ကြီးများ သည် သမိုင်းမတင်မီခေတ်က တည်ဆောက်ခဲ့သော ဘုရားကျောင်းများ ဖြစ်ပြီး အချို့မှာ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်သည်။ [1]ဘီစီ ၃၆၀၀ မှ ဘီစီ ၇၀၀ အတွင်း ထင်ရှားသော ခေတ် ၃ ခေတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ကျွန်းနိုင်ငံတစ်ခု ဖြစ်သော မော်လတာနိုင်ငံ တွင် တည်ရှိသည်။ [2] ထိုအဆောက်အဦးများအား ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အထောက်အကူမပါ ရပ်တည်နေသော အဆောက်အဦးများဟု ဆိုကြသော်လည်း[3]တူရကီနိုင်ငံရှိ မြေကြီးအောက်သို့ အစိတ်အပိုင်းမျာစွာ မြုပ်ဝင်နေသော ဂိုဘယ်ကီ တီပီ အဆောက်အဦးက ပို၍ ရှေးကျသည်ဟုလည်း ဆိုကြသည်။[4][5] ရှေးဟောင်းသုတေသန ပညာရှင်များက ထိုအဆောက်အဦးများသည် ယဉ်ကျေးမှု တော်လှန်ရေး ကာလ အတွင်း ဒေသခံတို့၏ တီထွင်ကြံဆမှုကြောင့် ပေါ်ထွက်လာသည်ဟု ယုံကြည်ကြသည်။ [6][7] ထို့အတွက်ကြောင့် ချန်တီယာခေတ် (ဘီစီ ၃၆၀၀ မှ ၃၀၀၀ အတွင်း) အချို့သော ဘုရားကျောင်းများကို တည်ဆောက်ခဲ့ပြီး တာရှန် ဘုရားကျောင်း အဆောက်အဦး အစုအဝေး တစ်ခု ဖြစ်လာခဲ့ကာ ဘီစီ ၂၅၀၀ အထိ အသုံး ပြုခဲ့ကြသည်။ ထို့နောက်တွင် ဘုရားကျောင်း တည်ဆောက်သည့် ယဉ်ကျေးမှုမှာ ကွယ်ပျောက်ခဲ့သည်။ [8][9]
မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတော်ကြီးများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iv |
ကိုးကား | ၁၃၂ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၀ (စတုတ္ထအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ချန်တီယာ ဘုရားကျောင်းများ အနက် ၂ ခုကို ၁၉၈၀ တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [10] ၁၉၉၂ ခုနှစ်တွင် ယူနက်စကိုမှ အခြားသော ကျောက်ဆစ်ဘုရားကျောင်းတော်ကြီး ၅ ခုအား စာရင်းတွင် ထပ်မံ ထည့်သွင်းခဲ့သည်။ ၎င်းတို့မှာ ကရန်ဒီ ရှိ ဟာဂျာအင် နှင့် နိုင်ဒရာ ၊ ယား ရှိ တာဟဂျရတ် ဘုရားကျောင်းတော်များ ၊ ဇီးဘစ်ရှိ စကော်ဘာဘုရားကျောင်းတော်များ ၊ တာရှန်ရှိ တာရှန် ဘုရားကျောင်းတော်များ တို့ ဖြစ်ကြသည်။ [10] ယခုအချိန်တွင် ထိုဒေသများအား မော်လတာ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ စီမံခန့်ခွဲပြီး ပတ်ဝန်းကျင် နေရာများ၏ မြေပိုင်ဆိုင်မှုမှာမူ ဒေသ တစ်ခုနှင့် တစ်ခု ကွဲပြားသည်။[11][12] ထို့အပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် မပါဝင်သော အခြား ကျောက်ဆစ်ဘုရားကျောင်းတော်များလည်း ရှိသေးသည်။
ကိုးကား
- 21 World Heritage Sites you have probably never heard of။ Daily Telegraph။
- Megalithic Temples of Malta – UNESCO World Heritage Centre။ Whc.unesco.org။ 2011-10-09 တွင် ပြန်စစ်ပြီး။
- The Prehistoric Archaeology of the Temples of Malta။ Bradshawfoundation.com။ 2009-07-22 တွင် ပြန်စစ်ပြီး။
- The Archaeological Site of Göbeklitepe။ Whc.unesco.org။ 2013-04-23 တွင် ပြန်စစ်ပြီး။
- For comparison, the oldest Egyptian pyramids date from approximately 2630 BC–2611 BC, nearly 1000 years younger than the oldest of the Maltese megalithic temples.
- Blouet၊ The Story of Malta၊ p. 22
- Prehistoric Temples of Malta။ 2008-09-16 တွင် ပြန်စစ်ပြီး။
- Blouet၊ The Story of Malta၊ p. 28
- Malta: Ancient Home to Goddesses and Fertility Cults။ 2006-12-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-09-16 တွင် ပြန်စစ်ပြီး။
- Megalithic Temples of Malta။ 2008-09-16 တွင် ပြန်စစ်ပြီး။
- Malta Temples and The OTS Foundation။ Otsf.org။ 2009-07-22 တွင် ပြန်စစ်ပြီး။
- David Trump et al., Malta Before History (2004: Miranda Publishers)