မော်လတာနိုင်ငံ

မော်လတာနိုင်ငံ၏ တရားဝင်အမည်မှာ မော်လတာ သမ္မတနိုင်ငံဖြစ်ပြီး တောင်ဥရောပတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ မြေထဲပင်လယ် အတွင်းရှိ ကျွန်းစုတစ်ခု ပေါ်တွင် တည်ရှိပြီး စစ္စလီကျွန်း၏ တောင်ဘက် ၉၃ ကီလိုမီတာ၊ တူနီးရှားနိုင်ငံ၏ အရှေ့ဘက် ၂၈၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အနောက်ဘက် ၁၈၂၆ ကီလိုမီတာ အကွာတွင် ရှိပြီး အလက်ဇန္ဒရီးယားမြို့မှာ အရှေ့ဘက် ၁၅၁၀ ကီလိုမီတာ အကွာတွင် ရှိသည်။

မော်လတာ သမ္မတနိုင်ငံ
Repubblika ta' Malta
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: The Maltese Anthem
မြို့တော်ဗယ်လက်တာမြို့
အကြီးဆုံးမြို့ဘာကာကရာမြို့
ရုံးသုံး ဘာသာစကားများမော်လတာအင်္ဂလိပ်
အမျိုးအစားပါလီမန် သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
ဂျော့ချ် အဘီလာ
 ဝန်ကြီးချုပ်
လောရင့်စ် ဂွန်ဇီ
တည်ထောင်
 လွတ်လပ်ရေးကြေငြာခြင်း
စက်တင်ဘာလ ၂၁၊ ၁၉၆၄
 သမ္မတနိုင်ငံ ထူထောင်ခြင်း
ဒီဇင်ဘာ ၁၃၊ ၁၉၇၄
ဧရိယာ
 စုစုပေါင်း
၃၁၆ km2 (၁၂၁စတုရန်းမိုင်) (အဆင့်: ၂၀၀)
 ရေထု (%)
၀.၀၀၁
လူဦးရေ
 ခန့်မှန်း
၄၁၇,၆၀၈ (အဆင့် - ၁၇၁)
 သိပ်သည်းမှု
၁၃၀၆.၈/km2၃၄၁၃.၉/sq mi (အဆင့် - )
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၁၀.၄၀၅ ဘီလီယံဒေါ်လာ (၂၀၁၀)
 Per capita
၂၄,၇၉၂ ဒေါ်လာ
HDI၀.၈၁၅
အလွန်မြင့် · ၃၃
ငွေကြေးယူရို
အချိန်ဇုန်CET (UTC+၀၁)
နွေရာသီ(CEST)(UTC+၀၂)
တယ်လီဖုန်းကုဒ်+၃၅၆
Internet TLD.mt

မော်လတာနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၀၀ မျှသာရှိသဖြင့် ကမ္ဘာပေါ်တွင် အငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြို့တော်မှာ ဗယ်လက်တာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဘာကာကရာမြို့ ဖြစ်သည်။ ပင်မကျွန်းပေါ်တွင် မြို့ငယ်ပေါင်း မြောက်များစွာ ရှိပြီး ၎င်းတို့အားလုံး စုပေါင်း၍ မြို့ပြ ဧရိယာကြီး တစ်ခု အဖြစ် တည်ရှိသည်။ ယူရိုစတက် စာရင်းအရ ထိုနေရာတွင် လူဦးရေ ၃၆၈,၂၅၀ ရှိပြီး နိုင်ငံအတွင်းရှိ လူဦးရေ၏ အများစု ဖြစ်သည်။ နိုင်ငံအတွင်း မော်လတိစ် နှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာကို ရုံးသုံးဘာသာစကား အဖြစ် သုံးစွဲကြပြီး မော်လတိစ်ကို အမျိုးသား ဘာသာစကား အဖြစ် မှတ်ယူကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.