ဗယ်လက်တာမြို့

ဗယ်လက်တာမြို့ သည် မော်လတာနိုင်ငံ ၏ မြို့တော်ဖြစ်ပြီး ဒေသခံတို့က အီလ်ဘဲ့ သို့ မြို့တော် ဟု မော်လတာ ဘာသာစကားဖြင့် ခေါ်ဝေါ်ကြသည်။ ပထဝီ အနေအထားအရ မော်လတာနိုင်ငံ အရှေ့တောင်တိုင်း တွင် တည်ရှိပြီး မော်လတာ ပင်မကျွန်းကြီး၏ အရှေ့အလယ်ပိုင်း ဒေသတွင် တည်ရှိကာ အနောက်ဘက် ကမ်းရိုးတန်းတွင် မာဆမ်းရှက် ဆိပ်ကမ်းသို့လည်းကောင်း အရှေ့ဘက်ကမ်းရိုးတန်းတွင် ဂရန်း ဆိပ်ကမ်းသို့ လည်းကောင်း ဆက်သွယ်အသုံးပြုနိုင်သည်။ သမိုင်းဝင်မြို့တော်တွင် နေထိုင်သူ ၆,၄၄၄ ဦး (မတ်လ ၂၀၁၄ စာရင်း အရ) [1] ရှိပြီး မက်ထရိုပိုလစ်တန် ဒေသတွင် နေထိုင်သူ ၃၉၃,၉၃၈ ဦး ရှိသည်။ [2] ဗက်လက်တာမြို့သည် ဥရောပ၏ တောင်ဘက် အကျဆုံး မြို့တော်ဖြစ်ပြီး ဥရောပသမဂ္ဂတွင် နီကိုးရှားမြို့ ပြီးလျှင် ဒုတိယမြောက် တောင်ဘက် အကျဆုံး မြို့ ဖြစ်သည်။

ဗယ်လက်တာမြို့

Valletta
မြို့တော်

မော်လတာနိုင်ငံအတွင်း ဗယ်လက်တာမြို့တည်နေပုံ
နိုင်ငံမော်လတာနိုင်ငံ
တိုင်းအရှေ့တောင်တိုင်း
ခရိုင်တောင်ဘက်ဆိပ်ကမ်းခရိုင်
ဗယ်လက်တာမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  မော်လတာ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, vi
ကိုးကား ၁၃၁
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဗယ်လက်တာမြို့တွင် ၁၆ ရာစုမှစ၍ တည်ဆောက်ခဲ့သော အဆောက်အဦးများ ရှိသည်။ ထိုစဉ်က စိန့်ဂျွန်း အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့သော နိုက်ဟော့စပစ်တဲလ်လာ အဆောက်အဦး ကဲ့သို့သော အဆောက်အဦးများ ဖြစ်သည်။ မြို့တော်သည် အဓိကအားဖြင့် ဘာရော့ခ်ဗိသုကာ ပုံစံရှိပြီး အချို့သော ဒေသများတွင် မန်းနရစ် ဗိသုကာ၊ နီယိုကလပ်စစ်ကယ် ဗိသုကာ နှင့် မော်ဒန် ဗိသုကာ လက်ရာများ ရှိသည်။ ဒုတိယကမ္ဘာစစ်ကြောင့် မြို့တော်တွင်း အရေးပါသော အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီး အဓိကအား ဖြင့် တော်ဝင်အော်ပရာ ပြဇာတ်ရုံ ပျက်စီးခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၈၀ တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။[3]

ကိုးကား

  1. Estimated Population by Locality 31st March, 2014 Government of Malta (16 May 2014)။ 21 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 November 2017 တွင် ပြန်စစ်ပြီး။
  2. Population by sex and age groups on 1 January (15 April 2015)။ 18 July 2015 တွင် ပြန်စစ်ပြီး။
  3. City of Valletta 18 July 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.