မျိုးပေါင်းစု

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် မျိုးပေါင်းစု (Phylum) သည် လောက (Kingdom) အဆင့်အောက်ဖြစ်ပြီး၊ မျိုးပေါင်း (Class) အဆင့်၏ အပေါ် တွင်ရှိသော အဆင့်တစ်ခု ဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် ဖိုင်လဲမ် (အင်္ဂလိပ်: Phylum /ˈfləm/; အများကိန်း၊ phyla)ဟု ခေါ်သည်။ အစဉ်အလာအရ ရုက္ခဗေဒဆိုင်ရာ အသုံးအနှုန်းတွင် ဒဗစ်ရှင်း သို့မဟုတ် မျိုးခွဲ (Division) ဟူသော ဝေါဟာရကို ဖိုင်လဲမ် (Phylum) အစားသုံးလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှိုနှင့်အပင်များ အမည်ပေးခြင်း စည်းမျဉ်းတွင်မူ ၎င်းအသုံးအနှုန်းနှစ်ခုကို တူညီသည်ဟု လက်ခံထားသည်။[1][2][3]

ဇီဝဗေဒဆိုင်ရာ မျိုးရိုးခွဲခြားခြင်း၌ အဓိကအဆင့်ကြီး (taxonomic ranks) ၈-ခု ရှိသည်။ လောက (kingdom) တစ်ခု၏အောက်တွင် မျိုးပေါင်းစု (Phylum) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြားအဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။


ကိုးကား

  1. McNeill၊ J.; et al., eds. (2012)။ International Code of Nomenclature for algae, fungi, and plants (Melbourne Code), Adopted by the Eighteenth International Botanical Congress Melbourne, Australia, July 2011 (electronic ed.)။ International Association for Plant Taxonomy2017-05-14 တွင် ပြန်စစ်ပြီး
  2. "Life sciences"The American Heritage New Dictionary of Cultural Literacy (third ed.)။ Houghton Mifflin Company။ 20052008-10-04 တွင် ပြန်စစ်ပြီးPhyla in the plant kingdom are frequently called divisions.
  3. Berg၊ Linda R. (2 March 2007)။ Introductory Botany: Plants, People, and the Environment (2 ed.)။ Cengage Learning။ p. 15။ ISBN 97805344666952012-07-23 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.