မြန်မာအသင်း၏ ပါရာလမ်းပစ်ပြိုင်ပွဲရလဒ်
မြန်မာနိုင်ငံသည် ပါရာလမ်းပစ်ပြိုင်ပွဲ(မသန်စွမ်းအားကစားပြိုင်ပွဲ)တွင် ရံဖန်ရံခါဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။ပထမဆုံးအနေဖြင့် ၁၉၇၆ တိရွန်တိုနွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦးတင်ငွေမှာ ပထမဆုံးမြန်မာရွှေတံဆိပ်ရရှိသူဖြစ်သည်။100 m C1 ပွဲစဉ်တွင်ရွှေတံဆိပ်ရရှိခဲ့သည်။သူနှင့်အတူဦးအောင်သန်းကငွေတံဆိပ်ရရှိခဲ့သည်။100 m Cပွဲစဉ်တွင် ဦးတင်ဝင်းမှ ကြေးတံဆိပ်ရရှိခဲ့သည်။၁၉၈၀ပြိုင်ပွဲတင်ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။၁၉၈၄ပြိုင်ပွဲတွင် ဘော်လီဘောနှင့်ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦးတင်ငွေက အမြင့်ခုန်တွင် ရွှေတံဆိပ်၊long jumpတွင် ငွေတံဆိပ်ရရှိကာ ဦးအောင်ကြီးမှ ငွေနှင့်ကြေးရရှိခဲ့သည်။
ပါရာလမ်းပစ် မှ မြန်မာနိုင်ငံ အသင်း | |
---|---|
IPC ကုဒ် | MYA |
NPC | National Paralympic Committee of Myanmar |
ဆုတံဆိပ်များ |
|
ပါရာလမ်းပစ် appearances | |
၁၉၈၈ နိုဝင်ဘာအရေးအခင်းကြောင့် အောက်တိုဘာလတွင်ကျင်းပသော ၁၉၈၈ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။နိုင်ငံ၏ အင်္ဂလိပ်အမည်ကို "Burma"မှ "Myanmar"သို့ပြောင်းလဲခဲ့ပြီး နိုင်ငံကုဒ်ကိုလည်း ''BIR''မှ ''MYA''သို့ပြောင်းလဲခဲ့သည်။
၁၉၉၂ဘာစီလိုနာပါရာလမ်းပစ်တွင် ဦးကျော်ခိုင်တစ်ဦးသာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ထို့နောက် ၃ကြိမ်ဆက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၈ပြိုင်ပွဲတွင်မှ နိုင်ဝင်း၊စစ်အောင်နိုင်၊စန်းအောင်ဝင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။သို့သော် အောင်မြင်မှုများမရရှိခဲ့ပေ။
''Burma''အမည်ဖြင့် ယှဉ်ပြိုင်ခဲ့စဉ်က ရွှေတံဆိပ် ၂ခု၊ငွေတံဆိပ် ၃ခု၊ကြေးတံဆိပ် တခု၊စုစုပေါင်းဆုတံဆိပ် ၇ခုရရှိခဲ့သည်။''Myanmar''အမည်ဖြင့် ဆုတံဆိပ်တစ်ခုမျှမရရှိသေးပေ။ဆောင်းရာသီပါရာလမ်းပစ်တွင် တစ်ကြိမ်မျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။
ဆုတံဆိပ်မှတ်တမ်း
|
|