မြိုင်ကြီးငူဆရာတော်

မြိုင်ကြီးငူဆရာတော် ဦးသုဇန သည် မြန်မာနိုင်ငံကရင်ပြည်နယ်မြိုင်ကြီးငူတွင် သီတင်းသုံးသော ကရင် ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ ဆရာတော်သည် ကရင် အမျိုးသား အစည်းအရုံးတွင် ပါဝင်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များနှင့် သဘောထားကွဲပြားမှုကြောင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကို ခွဲထွက်ဖွဲ့စည်းခဲ့သည်။

ဦးသုဇန (မြိုင်ကြီးငူဆရာတော်)
ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဓမ္မအမည်သုဇန
ပုဂ္ဂိုလ်ရေးရာ
ကွယ်လွန်၁၃ အောက်တိုဘာ ၂၀၁၈
ဘန်ကောက်မြို့
ဘာသာရေးရာ
ဆရာ(များ)သာမညဆရာတော်[1]

ဆရာတော်သည် တိုက်ပွဲကြောင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသော ဗုဒ္ဓဘာသာကရင်တိုင်းရင်းသားများကို မြိုင်ကြီးငူအထူးဒေသသို့ ပြန်လည်ခေါ်ယူကာ ကြွေးမွေးစောင့်ရှောက်ခဲ့သည်။ မြိုင်ကြီးငူအထူးဒေသသည် ဒီကေဘီအေ တပ်မတော်၏ ဌာနချုပ်တည်ရှိရာ နေရာတစ်ခုလည်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် ပြိုကွဲချိန်အထိ ဆရာတော်က ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်။[2]

၂၀၁၁၊ ဇွန်လတွင်မူ မြိုင်ကြီးငူအထူးဒေသရှိ ကရင်နယ်ခြားစောင့်တပ် တပ်ရင်း(၄)ရင်းသည် မြိုင်ကြီးငူဆရာတော်၏ အမိန့်ဖြင့် ဒီကေဘီအေ အဖြစ် ပြန်လည်ခံယူခဲ့သည်။ [3]

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့နယ်ခွဲကျေးရွာ စုံစည်းမြိုင် ကျေးရွာရှိ DKBA အဖွဲ့သည် မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်မှုနဲ့ အတူ KNU ကရင့်အမျိုးသား အစည်းအရုံး ကနေ ၁၉၉၄ ခုနှစ်မှာ စတင် ခွဲထွက်ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA အဖြစ် ရပ်တည်ခဲ့ရာကနေ ၂၀၁၂ခုနှစ်၊ ဧပြီလမှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖြစ် နာမည်ပြောင်းလဲ ရပ်တည်နေသော အဖွဲ့ ဖြစ်ပါသည်။

ပျံလွန်တော်မူခြင်း

မြိုင်ကြီးငူဆရာတော်သည် အဆုတ်ရောဂါဖြင့် ဘန်ကောက်မြို့ ဘန်ရွမ်ဂရက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[4][5]

ကိုးကား

  1. "Buddhist extremism, despite a clampdown, spreads in Myanmar"၊ Asia Times၊ 13 August 2017 19 April 2018 တွင် ပြန်စစ်ပြီး
  2. Whither KNU? 29 October 2016 တွင် ပြန်စစ်ပြီး။
  3. [https://www.burmalink.org/dkba-bgf-conflict-undermine-short-term-karen-unity-help-knu-long-term-unity-goal/
  4. မြိုင်ကြီးငူဆရာတော် အဆုတ်ရောဂါဖြင့် ဘန်ကောက်တွင် ပျံလွန်တော်မူ 7 Day News (၁၄ အောက်တိုဘာ ၂၀၁၈)။ ၁၄ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. မြိုင်ကြီးငူဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ၊ ညတွင်းချင်း မြန်မာပြည်ကို ပင့်ဆောင်မည် ကရင်သတင်းဌာန (ကေအိုင်စီ) (၁၃ အောက်တိုဘာ ၂၀၁၈)။ ၁၄ အောက်တိုဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.