ရန္တပစ္စည်း

ရန္တပစ္စည်း (၁၂၄၀ ဆယ်စုနှစ်ခန့် – ၁၂၈၄) သည် ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက်တွင် ဝန်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။ မြန်မာဘုရင့်တပ်မတော်တွင်လည်း စစ်သူကြီးအဖြစ်ဖြင့် အစ်ကိုဖြစ်သူ အနန္တပစ္စည်းလက်အောက်တွင် အမှုထမ်းခဲ့သည်။ ၁၂၇၇ မှ ၁၂၈၅ အထိ ဖြစ်ပွားခဲ့သော ပထမ မွန်ဂိုကျူးကျော်စစ်ပွဲတွင် ညီအစ်ကိုနှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ရန္တပစ္စည်း
ဝန်ကြီး
တာဝန်သက်တမ်း
၁၂၇၀ ဆယ်စုနှစ်  ၁၂၈၄
ဧကရာဇ်နရသီဟပတေ့
ကိုယ်ရေး အချက်အလက်များ
မွေးဖွားအုတ်လှငယ်
c. ၁၂၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၅ ဖေဖော်ဝါရီ ၁၂၈၄
တကောင်း
သားသမီးခင်ဘုန်း
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံပုဂံခေတ်
တပ်/တပ်ဖွဲ့ခွဲမြန်မာဘုရင့်တပ်မတော်
အမှုထမ်းကာလ၁၂၅၉–၈၄
ရာထူးစစ်သူကြီး
တိုက်ပွဲ/စစ်ပွဲများMissagiri (၁၂၅၉–၆၀)
မွန်ဂိုကျူးကျော်စစ်များ (၁၂၇၇၊ ၁၂၈၃–၈၄)

ရန္တပစ္စည်းကို မြန်မာတို့က မိရိုးဖလာနတ်တစ်ပါးအဖြစ် ကိုးကွယ်ကြသည်။[1]

သမိုင်း

အနန္တပစ္စည်းနှင့် ရန္တပစ္စည်းသည် တရုတ်ပြေးမင်းလက်ထက်တွင် ထင်ရှားသည့် အမတ်ကြီးရာဇသင်္ကြန်၏ သားများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖခင်ဖြစ်သူ၏ အမည်ကို လုကြရာ ဘုရင်ဖြစ်သူသည် မည်သူ့ကိုမျှ မပေးဘဲ သားအကြီးဖြစ်သူကို "အနန္တပစ္စည်း" ဟူ၍လည်းကောင်း၊ သားအငယ်ဖြစ်သူကို "ရန္တပစ္စည်း" ဟူ၍လည်းကောင်း ဘွဲ့များပေးခဲ့သည်။ အမည်ရင်းများမှာ ပုံဂံအုတ်လှကြီးနှင့် ညောင်ဦးအုတ်လှငယ် ဖြစ်ကြသည်။ [1]

နတ်ဖြစ်ခြင်း

သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာတို့ ငဆောင်ချမ်းတိုက်ပွဲတွင် စစ်ဖြစ်ကြ၏။ ထိုစစ်ပွဲတွင် အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့သည် စစ်ဗိုလ်အဖြစ် ပါဝင်တိုက်ခိုက်ကြသည်။ ပြဒါးသေကို ငုံကာ ၁၅ - ၁၆ တောင်အထိ မြင့်အောင်ခုန်၍ တိုက်ခိုက်ကြသည်။ သို့သော် ပြဒါးသေသည် လွတ်ကျသဖြင့် မြားထိမှန်ကာ သေဆုံးကြခဲ့ရသည်။ [1]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၂၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.