ရဟိုင်း

ရဟိုင်းရပ်သည် မန္တလေးမြို့ရှိ အရပ်အမည် ဖြစ်သည်။

ရဟိုင်း ပေါ်ပေါက်လာပုံ

ယွန်းယိုးဒယားဒေသမှ ပါလာသူများကို ယခုရွှေတချောင်းအနီး ရဟိုင်းအရပ်၌ ချထားခဲ့သည်။ အမည်အခေါ် ရွေ့လျားလာ၍ ရွာဟိုင်းဟု ခေါ်ဝေါ်ကြ ရေးကြလေသည်။ ရွှေတချောင်း တောင်ပိုင်း၌ မင်းသားစုအရပ်သည် ရှေးအခါက ယွန်းယိုးဒယား မင်းသားများကို ချထားပေးသောနေရာဟု သိရသည်။ သက္ကရာဇ် ၁၂၁၈-၂၁ ခုနှစ် မင်းတုန်းမင်းတရားကြီးသည် ရတနာပုံ မန္တလေးမြို့ကို တည်ထောင်၍ ပြည်သူတို့အား ရပ်ကွက်နေရာများ ချထား၍ အမရပူရမှ ရွှေ့ ပြောင်း အမရပူရမှ ရွှေ့ပြောင်းလာသောအခါ မန္တလေးမြို့ကြီးသည် စည်ကားလာလေသည်။ ယွန်းယိုးဒယားလူမျိုး၏အနွယ်များ နေရာအရပ်သည် ရဟိုင်းအရပ်၊ မင်းသားစုအရပ်ဟုခေါ်ကြ၍ အိမ်-ဈေးများချထားသည်။ ယိုးဒယားဈေးဟု ဖြစ်လာလေသည်။ ယိုးဒယားအနွယ်များယုံကြည်ကိုးကွယ်သော ရာမနတ်ကြောင့် ရာမနတ်စင်ဝင်းအမည် ခေါ်ကြသည်။ ယွန်းတန်းဟူ၍လည်း ရှိသည်။ ဘုရားသုံးဆူ(၈၂-လမ်း လမ်း၃၀နှင့်၃၁-လမ်းကြား)သည်ပင် ယိုးဒယားဘုရား သုံးဆူဒေသမှ လူများ၏ဘုရားဖြစ်နိုင်သည်။ ဤသို့ဖြင့် ယွန်းဇင်းမယ်၊ လော၊ ယိုးဒယားမှပါလာသော အနွယ်တို့၏ပူဇော်ပသမှု ဓလေ့ထုံးစံတရပ်ဖြစ်သော သဲပုံစေတီများတည်ထားပူဇော်ကိုးကွယ်မှုကို ရွှေတချောင်းတလျှောက် ယိုးဒယားများနေထိုင်ခဲ့ရာ အရပ်၌ တွေ့ရှိရလေသည်။[1]

ကိုးကား

  1. ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ သဲပုံစေတီပွဲ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.