ရေငုပ်သင်္ဘော

ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘောနှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘောဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သော ယာဉ်များနှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။

DSV Alvin ကို ရေအောက် ရေနွေးငွေ့ ရေပန်းများကို ရှာဖွေတွေ့ရှိပြီး တစ်နှစ်အကြာ ၁၉၇၈ တွင် တွေ့ရပုံ။
ရေငုပ်သင်္ဘောတစ်စင်း

စမ်းသပ်မှု အနေဖြင့် ရေငုပ်သင်္ဘောများကို ရှေးယခင်ကတည်းက တည်ဆောက်ဖူးကြသော်လည်း ရေငုပ်သင်္ဘော ဒီဇိုင်းသည် ၁၉ ရာစုတွင် အရှိန်ရလာခဲ့သည် ရေတပ် အများစုမှ အသုံးပြုလာခဲ့ကြသည်။ ရေငုပ်သင်္ဘောကို ပထမအကြိမ် ကျယ်⁠ကျယ်ပြန့်ပြန့် သုံးလာကြသည်မှာ ပထမကမ္ဘာစစ် အတွင်းမှ စ၍ ဖြစ်ပြီး အခုအခါတွင် ရေတပ်အင်အားတောင့်တင်းသော နိုင်ငံအများအပြားတွင် အသုံးပြု နေကြသည်။ စစ်တပ်တွင် သုံးရသည့် ရည်ရွယ်ချက်မှာ ရန်သူ၏ ရေပေါ်တွင် ရှိနေသော သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်၊ လေယာဉ်တင်သင်္ဘော‎ကို ကာကွယ်ရန်၊ ရန်သူအား ကြားဖြတ် ပိတ်ဆို့ခြင်း၊ နျူးကလီးယား တိုက်ခိုက်မှု ၏ တစိတ်တဒေသ အဖြစ် တိုက်ချင်းပစ် ဒုံးကျည် လွှတ်တင်ရန်၊ စုံစမ်းထောက်လှမ်းရန်၊ ကုန်းပေါ်သို့ လှမ်း၍ တိုက်ခိုက်ရန် နှင့် အထူးတပ်ဖွဲ့များကို လျို့ဝှက် ပို့ဆောင်ရန် စသည်တို့အတွက် ဖြစ်သည်။ အရပ်သုံး အနေနှင့်မူ အဏ္ဏဝါ သိပ္ပံ၊ ကယ်ဆယ်ရေး၊ စူးစမ်း ရှာဖွေရေး နှင့် ကိရိယာများ စစ်ဆေး ပြင်ဆင်ရန် တို့အတွက် အသုံးပြုကြသည်။ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေအောက် ဆက်သွယ်ရေး လိုင်းများ ပြုပြင်ရန် စသည်တို့အတွက် အထူးပြုလုပ် သုံးစွဲလေ့ ရှိကြသည်။ ရေငုပ်သင်္ဘောများကို ခရီးသွားလုပ်ငန်းတွင် ရေအောက် ရှေးဟောင်း သုတေသန လုပ်ငန်း အတွက်လည်း အသုံးပြုလေ့ ရှိကြသည်။


ပထမဆုံး ရေငုပ်သင်္ဘောကို ၁၆၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ပထမဆုံး စစ်ဘက်သုံး ရေငုပ်သင်္ဘောကိုမူ ၁၇၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) တွင် ရေငုပ်သင်္ဘောကို ပထမဆုံး စစ်ဘက်၌ အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များအတွင်းတွင် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

ရေငုပ်သင်္ဘော

ရုရှားရေတပ်၏တိုင်ဖွန်း အမျိုးအစား ရေငုပ်သင်္ဘော

ရေငုပ်သင်္ဘောသည် ရေတပ်များတွင် အလွန်အရေးပါ အရာရောက်သော လက်နက်တစ်ခု ဖြစ်လျက်ရှိသော်လည်း ခေတ်မီရေငုပ်သင်္ဘော ပေါ်ပေါက်လာသည်မှာကား မကြာလှ သေးပေ။ အိုင်ယာလန် ပြည်ဖွား အမေရိကန်လူမျိုး ဂျွန်၊ ပီ၊ ဟော်လန်ဆိုသူသည် အမေရိကန်ရေတပ်အတွက် ရေငုပ်သင်္ဘော ကို ကြံစည် ဆောက်လုပ်ရာမှ ကိုးခုမြောက် ပုံစံဖြစ်သော ဟော်လန်အမှတ် ၉ တွင် ထမြောက်အောင်မြင်လေသည်။ ထိုရေငုပ်သင်္ဘောမှာ ပထမ သေချာစွာအောင်မြင်ခဲ့သော ရေငုပ် သင်္ဘောပင် ဖြစ်သည်။ ထိုရေငုပ်သင်္ဘောကို ပြီးမြောက်သော နှစ်ကား ၁၈၉၈ ခုနှစ် ဖြစ်၏။ ၁၉ဝဝ ပြည့်နှစ်၌ အမေရိကန် ရေတပ်က ထိုရေငုပ်သင်္ဘောကို ဝယ်ယူအသုံးပြုလေသည်။

အမှန်အားဖြင့် ခေတ်မီရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့သည်မှာ မကြာလှသေးသော်လည်း ရေငုပ်သင်္ဘောကို ၁၇ ရာစုနှစ်ကတည်းကပင် ကြံစည်စိတ်ကူးမိခဲ့ကြလေသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဒပ်ချလူမျိုး ကော်နဲလီယပ် ဗန်ဒရက်ဗဲ ဆိုသူသည် အင်္ဂလန်ပြည့်ရှင် ပထမဂျိမ်းဘုရင်အတွက် ရေငုပ် သင်္ဘောသုံးစင်း ဆောက်လုပ်ပေးခဲ့ဖူးလေသည်။ ထိုရေငုပ် သင်္ဘောတို့ကို သစ်သားနှင့် ဆောက်လုပ်၍ ကုန်းပတ်ကို ရေလုံ စေရန် အမဲဆီသုတ်လိမ်းသော သားရေနှင့် ဖုံးလွှမ်းထားသည်။ ယင်းတို့သည် ခတ်လှေများပင် ဖြစ်ကြသော်လည်း ရေအောက် ၁၂ ပေမျှ အနက်၌ သွားလာနိုင်ပြီးလျှင် နာရီပေါင်းမြောက်မြား စွာ ကြာအောင် ရေအောက်တွင် နေနိုင်ကြပေသည်။ ရေအောက် ၌ လှေသားများ ကြာရှည်စွာ အသက်ရှင်လျက် နေထိုင်နိုင်ရန် ဒရက်ဗဲသည် မည်သို့ ကြံစည်စီမံပေးခဲ့သည်ကိုကား ယခုတိုင် မသိနိုင်ချေ။

အမေရိကန်တော်လှန်ရေးစစ်ပွဲအတွင်း ယေးတက္ကသိုလ် ကျောင်းသား ဒေးဗစ်ဗွတ်ရှနဲဆိုသူသည် ခေတ်သစ် ရေငုပ် သင်္ဘော၏ အခြေခံဖြစ်သော ရေငုပ်သင်္ဘောတစ်စင်းကို ကြံစည်ဆောက်လုပ်ခဲ့သော်လည်း လက်တွေ့စမ်းသပ်ရာ၌ အထ မမြောက်ခဲ့ပေ။ ထိုနောက် အခြားအမေရိကန်တစ်ဦး ဖြစ်သော ရောဗတ်ဖူလတန်ဆိုသူသည် နပိုလီယန်အား ရေငုပ်သင်္ဘော တည်ဆောက်ရန် စီမံကိန်းတစ်ခုကို တင်ပြခဲ့လေသည်။ နပို လီယန်က ထိုစီမံကိန်းကို ပယ်ချခဲ့၏။ အကယ်၍သာ နပို လီယန်သည် ဖူလတန်၏ စီမံကိန်းကို မငြင်းခဲ့လျှင် ထရာဖဲ လဂါတိုက်ပွဲ အပြီးသတ်ပုံသည် တစ်မျိုးတစ်ဖုံ ပြောင်းလွှဲသွား နိုင်စရာ အကြောင်းရှိပေသည်။

၁၈၉၈ ခုနှစ်၌ ဟော်လန်သည် ရေငုပ်သင်္ဘောကို ဖြစ် မြောက်အောင် ဆောက်လုပ်ခဲ့ပြီးနောက် အင်္ဂလန်ကဲ့သို့သော နိုင်ငံကြီးများကလည်း ရေငုပ်သင်္ဘောများကို မှာယူကြ၍ မိမိ တို့တိုင်းပြည်များ၌ ရေငုပ်သင်္ဘောများကို ဆန်းသစ်အောင် ကြံ စည်ပြုလုပ်ခဲ့သည်။ ထိုသို့ ရေငုပ်သင်္ဘောပုံစံများကို ကြံစည် ပြုလုပ်ခဲ့သူများထဲတွင် ဆိုင်မွန်လိတ်သည် အထင်ရှားဆုံးဖြစ်၍ ဟော်လန်နှင့် အပြိုင်အဆိုင် ဖြစ်ခဲ့လေသည်။ ဟော်လန်လုပ် ကိုင်ခဲ့သည့် ရေငုပ်သင်္ဘောများသည် အလျားပေ ၅ဝ မျှသာ ရှည်၍ တန်ချိန် ၂ဝဝ ခန့်သာလေးသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်တို့၏ ရေငုပ်သင်္ဘောများတွင် တန်ချိန် လေး ထောင်ကျော်အထိ ရှိသော အကြီးစားများအပြင် နှစ်ယောက်စီး အငယ်စားကလေးများလည်း ပါဝင်လေသည်။

ရေငုပ်သင်္ဘောသည် အခြားသာမန်သင်္ဘောများနှင့် မတူ ရေပေါ်၌၎င်း၊ ရေအောက်၌၎င်း သွားလာရသောကြောင့် တစ်မျိုး တစ်ဖုံ ထူးခြားဆန်းပြားရ၏။ ရေအောက်၌ သွားလာခိုက်တွင် ဒီဇယ်အင်ဂျင်အတွက် လိုအပ်သောလေကို မရနိုင်သဖြင့် ထို စက်ကို ရပ်ထားပြီးလျှင် လျှပ်စစ်မော်တော်စက်ကို အသုံးပြုရ သည်။ ဓာတ်ဆီကို ရေငုပ်သင်္ဘော၏ဝမ်းတွင်း၌ ပေါက်ကွဲမည့် ဘေးကို စိုးရိမ်ရသဖြင့် အသုံးမပြုချေ။ ရေအောက်၌ မော်တော် စက်လည်ရန်အတွက် လျှပ်စစ်ဓာတ်ကို ဗက်ထရီအိုးများမှရနိုင်၍ ဗက်ထရီအိုးများကို ရေပြင်ပေါ်ရောက်သောအခါများတွင် ဒီဇယ် စက်နှင့် အားဖြည့်ပေးရသည်။ထိုသို့ ဗက်ထရီအိုးများကို ရေပြင် ပေါ်၌သာ အားဖြည့်တင်းပေးနိုင်ခြင်းသည် ရေငုပ်သင်္ဘောအား ရေအောက်၌ ကာလရှည်ကြာစွာ ငုပ်၍ မနေနိုင်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။

ရေငုပ်သင်္ဘော ပုံသဏ္ဌာန်မှာ ဆေးပြင်းလိပ်ပုံသဏ္ဌာန်နှင့် တူ၍ ရေအောက်၌နေစဉ် ပတ်ဝန်းကျင်မှ ရေထု၏ဖိအားကို ခံနိုင်ရည်ရှိစေရန် ခိုင်မာသောသတ္တုများဖြင့် တည်ဆောက်ရ သည်။ သင်္ဘောဝမ်းမှာ လုံးဝန်းသော သဏ္ဌာန်ရှိ၍ အချို့မှာ တစ်ထပ်သာဖြစ်သော်လည်း များသောအားဖြင့် နှစ်ထပ်ဖြစ်တတ် ကြသည်။ ထိုဝမ်းနှစ်ထပ်အကြား နေရာလပ်များတွင် အသုံး အဆောင်ပစ္စည်းများ သိုမှီးရာအခန်းငယ်များနှင့် တိုင်ကီခန်း အကန့်အကန့်များကို စီစဉ်ပြုလုပ်ထားသည်။ သင်္ဘောကို ရေအောက်သို့ နစ်မြှုပ်လိုသောအခါ တိုင်ကီခန်းများထဲသို့ အပြင်မှရေကို ဝင်ရောက်စေခြင်းဖြင့် သင်္ဘောအား လေးလံ စေကာ နစ်မြှုပ်စေသည်။ သင်္ဘောကို အထက်သို့ ပြန်ပေါ်စေ လိုသောအခါတွင် တိုင်ကီခန်းထဲမှ ရေကို ဖိနှိပ်ထားသော လေဖြင့် မှုတ်ထုတ်ပစ်ရသည်။

ရေငုပ်သင်္ဘောကို ပြုလုပ်ရာတွင် လွယ်ကူမည်ဟု ထင်ရ သော်လည်း လက်တွေ့ပြုလုပ်ရာ၌ကား အခက်အခဲများစွာ ရှိပေ သည်။ သင်္ဘောငုပ်သောအခါ၌ ငြိမ်သက်စွာ ငုပ်မသွားဘဲ ဂျွမ်း ထိုး မှောက်ခုန်ဖြစ်ကာ နစ်မြုပ်မသွားရအောင်၎င်း ထိန်းကြပ် ပေးရန် လိုအပ်ပေသည်။ ထိုကြောင့် သင်္ဘောကို တည်ငြိမ်နေ စေရန် သင့်လျော်သောနေရာများ၌ တိုင်ကီခန်းများကို ထားပေး ရသည်။ ထိုပြင် သင်္ဘောကို ထိန်းပေးသည့် ဟိုက်ဒရိုပလိန်း ခေါ် မှန်ပြင်ညီတက်မများကိုလည်း တပ်ဆင်ပေးရသည်။ သင်္ဘောကို လိုအပ်သောအနက်အထိသာ နစ်မြုပ်သွားနိုင်အောင် လုံလောက်ရုံမျှသော အလေးချိန်ကို ဖြစ်စေရမည်။ ထိုအလေး ချိန် ဖြစ်စေရန်မှာ တိုင်ကီခန်းထဲသို့ ရေသွင်းရာ၍ ကန့်သတ်၍ သွင်းပေးရသည်။ ရေငုပ်သင်္ဘောသည် ရေအောက်သို့ လျင်မြန် စွာ ငုပ်နိုင်သဖြင့် ရန်သူသင်္ဘော မျက်မှောက်မှ ရုတ်တရက် ကွယ်ပျောက်သွားနိုင်ပေသည်။

ရေပြင်ပေါ်၌ ရေငုပ်သင်္ဘော အုပ်ချုပ်စီမံပုံမှာ အခြားရိုးရိုး သင်္ဘောများ အုပ်ချုပ်စီမံပုံနှင့် အလားတူပင် ဖြစ်သည်။ ရေ အောက်တွင်မူ ရေငုပ်သင်္ဘောအား အုပ်ချုပ်စီမံပေးမည့် ကိရိယာ အပိုများကို အသုံးပြုရပေသည်။ ရေငုပ်သင်္ဘော၌ သင်္ဘော၏ တည်နေပုံ အနေအထားကို ပြသော ကိရိယာနှင့် ရေအနက် မည်မျှတွင် ရောက်ရှိနေသည်ကို ပြသော ကိရိယာတို့ကို တပ်ဆင်ထားသည်။ ရေငုပ်သင်္ဘောရှိ ကိရိယာအားလုံးတွင် ပဲရစ္စကုပ်ခေါ် ပတ်လည်ကြည့် မှန်ပြောင်းသည် အရေးကြီးဆုံး ဖြစ်၏။ ပဲရစ္စကုပ်သည် သင်္ဘောရေအောက် မြုပ်နေစဉ်တွင် ရေပြင်အထက်သို့ သုံးလက်မျှသာ ရှည်ထွက်နေသဖြင့် အခြား နေရာမှ မြင်နိုင်ရန် ခဲယဉ်းသည်။ ရေအောက်တွင် ရေငုပ် သင်္ဘောရှိနေစဉ်အခါ၌ အုပ်ထိန်းခန်းအတွင်းရှိ ပယ်ရီစကုပ်ဖြင့် အရာရှိများသည် ရေပြင်ပေါ်၌ သွားလာနေသော သင်္ဘောများကို တွေ့မြင်နိုင်ပေသည်။ ထိုကြောင့် ရန်သူသင်္ဘော လေယာဉ်ပျံ တို့ကို မိမိကသာ တွေ့မြင့်နိုင်၍ မိမိအား ရန်သူသင်္ဘော လေယာဉ်ပျံတို့က မတွေ့မြင့်နိုင်ချေ။

ရေငုပ်သင်္ဘောကို စတင်ကြံစည်စဉ်က ဆိုင်မွန်လိတ်သည် ရေငုပ်သင်္ဘောအား ရေအောက်သို့ လျှိုးဝင် သွားနိုင်ခြင်းဖြင့် ရေခဲဝိုင်းနေသော ဆိပ်ကမ်းများသို့ ဝင်ရောက်ရန်သော်၎င်း၊ ပင်လယ်အောက်၌ ဆုံးရှုံးသွားရသော ပစ္စည်းများအား ရှာဖွေ ရန်သော်၎င်း အသုံးပြုနိုင်လိမ့်မည်ဟု ရည်ရွယ်ခဲ့၏။ သို့သော် ရေငုပ်သင်္ဘောသည် စစ်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အသုံးကျသဖြင့် စစ်ဘက်၌ အသုံးပြုရန်အတွက် ရေငုပ်သင်္ဘော ကို လက်နက်များ တပ်ဆင်ထားကြသည်။ ကုန်းပတ်ပေါ်က ပဲ့ထိန်းမျှော်စင်ရှေ့၌ လေးလက်မ အမြောက်တစ်ခုကို တပ်ဆင် ထား၍ တော်ပီဒိုများကို သင်္ဘောဝမ်းတွင်း၌ ဆောင်ယူသည်။ ဤလက်နက်နှစ်ခုကား ရေငုပ်သင်္ဘော၏အချက်အခြာ လက် နက်များ ဖြစ်ကြသည်။ အမြောက်မှာ အသုံးပြုရာ၌ လွယ်ကူ သော်လည်း အခြားတိုက်သင်္ဘောများရှိ အမြောက်ကြီးများနှင့် စာလျှင် လွန်စွာသေးနုပ်လျက်ရှိသဖြင့် တော်ပီဒိုကိုသာ အဓိက အားထားရပေသည်။ တော်ပီဒိုမှာ များစွာ အဖိုးတန်သဖြင့် ထိမှန်မည်ဟု သေချာစွာ သိနိုင်တော့မှသာ ရန်သူသင်္ဘောကို ပစ်ခတ်ကြသည်။ ထိုကြောင့်ပင် ကိုက် ၃ဝဝ ထက်ဝေးသော သင်္ဘောအား တော်ပီဒိုနှင့် မပစ်ခတ်ရဟု ဂျာမန်ယူဘုတ်များကို အမိန့်ထုတ်ထားလေသည်။

ရေငုပ်သင်္ဘော၌ ကိရိယာတန်ဆာပလာများကို ရေပေါ် အတွက်တစ်မျိုး၊ ရေအောက်အတွက်တစ်မျိုး တပ်ဆင်ထားရှိရ သည့်အပြင် သင်္ဘောဝမ်းမှာလည်း ကျဉ်းမြောင်းစွာ တည် ဆောက်ရသည့်အလျောက် ပစ္စည်း ကိရိယာများကို နေရာတကျ သိုသိပ်စွာ စီစဉ်ထားရသည်။ သင်္ဘော၏ စတုရန်းလက်မတိုင်း သည် အသုံးဝင်သော အပိုင်းချည်းသာ ဖြစ်လေသည်။ရေငုပ်သင်္ဘော၏ အမြောက်ကို ပထမတွင် ပင်လယ်ရေ နှင့် ထိ၍ ချေးမတက်စေရန် သင်္ဘောရေအောက် နစ်မြုပ်သော အခါများ၌ အတွင်းသို့ သွင်းထားရသည်။ နောက်မှ ဂျာမန်တို့ သည် အမြောက်ကို ချေးမတက်စေရန် အမဲဆီ သုတ်လိမ်းသည့် ပြင် အခြားသတ္တုအဖုံးနှင့် ဖုံးအုပ်ထားကြလေသည်။ တော်ပီဒို များကို တော်ပီဒို ပြွန်များမှနေ၍ ဖိနှိပ်ထားသောလေအားနှင့် ပစ်ထုတ်ရသည်။ ထိုသို့ ပစ်လွှတ်ရာ၌ ပဲရစ္စကုပ်မှန်ပြောင်းမှ နေ၍ ရန်သူသင်္ဘောများအား ချိန်ပြီး ပစ်ခတ်ရသည်။ ရှေးက ရေငုပ်သင်္ဘောများ၌ တော်ပီဒို ပြွန်နှစ်ခုသာ ပါဝင်သော်လည်း ယခုအခါ ပြွန်ပေါက် ၁ဝ ပေါက်အထိ ပါဝင်ကြသည်။ရေငုပ်သင်္ဘောများသည် အစပထမတွင် အတော်ပင် နှေး ကွေးသော်လည်း ခေတ်မီသင်္ဘောများမှာမူ ရေအောက်၌ တစ်နာရီ ရေမိုင် ၁ဝ မိုင်နှုန်းမျှနှင့် ခုတ်မောင်းနိုင်ကြသည်။ ရေငုပ်သင်္ဘော၌ လုပ်ကိုင်ရသော ရေတပ်အမှုထမ်းများသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြရသည်။ ထိုသူများ သည် အခြားရေတပ် အမှုထမ်းများထက် လစာငွေ ပိုမိုရရှိကြ လေသည်။

ရေငုပ်သင်္ဘော၏ ရေတပ်သားတိုင်းတွင် ဆာရောဗတ် ဒေးဗစ် တီထွင်ခဲ့သော အသက်ကယ်တန်ဆာ ပလာမျိုး ရှိရ သည်။ ထိုတန်ဆာပလာတွင် ပါးစပ်၌ တပ်ဆင်ထားရသော ပြွန်ငယ်တစ်ခုသည် ဖိနှိပ်ထားသော အောက်စီဂျင် သိုမှီးထား သည့် ဆလင်ဒါပုံသဏ္ဌာန် ဗူးငယ်တစ်ခုကို ထွက်သက်မှ ကာဗွန်ဒိုက်အောက်ဆိုက်ကို စုပ်ယူသည့် ကျည်တောင့်တစ်ခုနှင့် ဆက်သွယ်ထား၏။ ရေအောက်တွင် ဘေးဥပဒ် တစ်စုံတစ်ရာ ဖြစ်ပွားသောအခါ၌ ရေတပ်သားသည် ထိုတန်ဆာပလာဖြင့် သင်္ဘောမှ လွတ်မြောက်နိုင်ပေသည်။

ရေငုပ်သင်္ဘောများသည် ရေအောက်၌ ပုန်းကွယ်၍ ရန်သူ အား တိုက်ခိုက်ရန်အတွက် အသုံးဝင်သည့်အပြင် ရန်သူ့ခရီး လမ်း၌ ရေမြှုပ်ဗုံးများ လိုက်လံချထားရန်အတွက်လည်း အထူး အသုံးဝင်သည်။ ယခုအခါ ရေငုပ်သင်္ဘောများသည် ရေအောက် ၌ ရက်ပေါင်း ၇ဝ ကြာအထိ နေနိုင်ကြသည်ဖြစ်၍ ပင်လယ် ရေပြင်အထက်မှ လေသန့်ကို ပြွန်နှင့် သွင်းပေးရသည်။ ပြီးခဲ့ သော ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းက ဂျာမန်ရေငုပ် သင်္ဘောများ သည် တန်ချိန် သန်းပေါင်းများစွာသော မဟာမိတ်သင်္ဘောများ ကို ဖျက်ဆီးနိုင်ခဲ့လေသည်။ ရေအောက်၌ ပေါက်ကွဲသော ဗုံး များနှင့် ရေငုပ်သင်္ဘောများအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင် သော ရေဒါတို့ ပေါ်ပေါက်လာသောအခါကျမှ ထိုသင်္ဘောများ က ပြုသောဘေးရန်မှာ နည်းပါးသွားလေသည်။

စစ်ပြီးခေတ်တွင် အမေရိကန်တို့က နော့တီးလပ်အမည် ဖြစ်၎င်း၊ ဗြိတိသျှတို့က ဒရက်နော့အမည်ဖြင့်၎င်း အနုမြူ အားဖြင့် ခုတ်မောင်းသော ရေငုပ်သင်္ဘောကို အောင်မြင်စွာ တီထွင်လာနိုင် ကြလေသည်။ ယင်းတို့တွင် အနုမြူဓာတ်အားကို တစ်ကြိမ်ထည့်ထားလျှင် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရုံမက ရေအောက်၌လည်း ရက်ပေါင်းများစွာ နေနိုင်ရာ ယင်းတို့သည် အနာဂတ်ကာလ အနုမြူစစ်ပွဲများ၌ များစွာ အသုံးဝင်လိမ့်မည် ဟု ရေတပ်ဘက်ဆိုင်ရာ ပါရဂူကြီးအချို့က ယုံကြည်လျက် ရှိပေသည်။[1]

ကြီးမားသောရေငုပ်သင်္ဘောများသည် ထုလုံးရှည်ပုံရှိပြီး အဖျားဖက်တွင်ခုံးသွားသည်။ သင်္ဘောအလယ်တွင် ခေါင်းတိုင်ကြီးတစ်ခုရှိပြီး ယင်းမှတစ်ဆင့်ဆက်သွယ်ရေးပစ္စည်းများ၊ ပယ်ရီစကုပ်စသည့် အာရုံခံကိရိယာများ တပ်ဆင်ထားသည်။ အမြီးပိုင်းတွင် ပန်ကာဒလက်သို့မဟုတ်ပန့်ဂျက်အင်ဂျင်နှင့်ပဲ့ထိန်းစနစ်နှင့်သင်္ဘောအားဟန်ချက်ညှိသည့် ရေစည်များတပ်ဆင်ထားသည်။ သေးငယ်ပြီး နက်ရှိုင်းစွာငုပ်နိုင်သောရေငုပ်သင်္ဘောကလေးများမှာမူ သမားရိုးကျရေငုပ်သင်္ဘောများနှင့်ပုံစံကွဲပြားသည်။

ရေငုပ်သင်္ဘောသည် အရွယ်အစားကွဲပြားမှုအကြီးမားဆုံးတွင်ပါဝင်သောယာဉ်ဖြစ်သည်။ သေးငယ်သောလူမဲ့ယာဉ်၊ နာရီအနည်းငယ်သာငုပ်နိုင်သော တစ်ယောက်စီး၊ နှစ်ယောက်စီးမှသည် ၆လအထိငုပ်နိုင်သော ရုရှားတို့၏ကမ္ဘာ့အကြီးဆုံးတိုင်ဖွန်းအမျိုးအစားရေငုပ်သင်္ဘောများအထိအမျိုးအစားစုံလင်လှသည်။

သမိုင်းကြောင်း

အမေရိကန် ပြည်တွင်းစစ်

ကွန်ဖယ်ဒရိတ် ရေငုပ်သင်္ဘောများသည် ပြည်ထောင်စုတပ်များပိတ်ဆို့ထားသော တောင်ပိုင်းဆိပ်ကမ်းများကို တိုက်ခိုက်ရန်ပုံစံထုတ်ခဲ့ကြသည်။

၁၉ရာစုအကုန် ရုရှ-ဂျပန်စစ်

၂၀ရာစုအဝင်သည် ရေငုပ်သင်္ဘောများတိုးတက်လောသောကာလဖြစ်သည်။ နိုင်ငံအများအပြားလည်း ရေငုပ်သင်္ဘောများပိုင်ဆိုင်လာကြသည်။ Diesel electric တွန်းအားပေးနည်းစနစ်နှင့်ခေတ်မီပယ်ရီစကုပ်များတပ်ဆင်လာကြသည်။ ရေငုပ်သင်္ဘောနှင့်ပတ်သက်သော နည်းဗျူဟာများ၊ လက်နက်စမ်းသပ်မှုအများအပြားလည်းပြုလုပ်လာကြသည်။

ပထမကမ္ဘာစစ်

ဂျာမန်ယူဘုတ် ယူ၁၄

ပထမကမ္ဘာစစ်ဖြစ်ပွားပွားခြင်းမှာပင် အီတလီရေတပ်သည် အီတလီ-တူရကီစစ်ပွဲ များတွင်လည်းကောင်း၊ ဂရိနိုင်ငံသည် ဘော်လကန်စစ်ပွဲများတွင်လည်းကောင်း ရေငုပ်သင်္ဘောများကိုအသုံးပြုခဲ့ကြသည်။ ပြင်သစ်တို့တည်ဆောက်သော , where notably the French-built ဂရိရေငုပ်သင်္ဘောဒယ်လ်ဖင် သည် ပထမဆုံးတော်ပီဒိုပစ်လွှတ်နိုင်သောရေငုပ်သင်္ဘောဖြစ်သည်။

စစ်အတွင်းတိုးတက်မှုများ

စစ်ကာလအတွင်းရေငုပ်သင်္ဘောဒီဇိုင်းများဖွံဖြိုးတိုးတက်လာခဲ့သည်။ အထင်ရှားဆုံးမှာ လေယာဉ်တင်ရေငုပ်သင်္ဘောများဖြစ်သည်။ ယင်းတွင် လေယာဉ်တစ်စင်းသို့မဟုတ်နှစ်စင်းတင်ဆောင်နိုင်သောရေလုံအခန်းများပါရှိသည်။

ဂျာမနီ

ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီသည် အကြီးမားဆုံးသောရေငုပ်သင်္ဘောအုပ်စုကိုပိုင်ဆိုင်ခဲ့သည်။ ဗာဆိုင်းစာချုပ်အရ ရေတပ်တိုးချဲ့ခြင်းကိုကန့်သတ်ထားသည်ဖြစ်ရာ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးတွင်မှ ရေတပ်ကိုအလျင်အမြန်တိုးချဲ့နိုင်ခဲ့သည်။

ဂျပန်

ဂျပန်တော်ဝင်ရေတပ်I-400-အမျိုးအစားရေငုပ်သင်္ဘောသည် ဒုတိယကမ္ဘာစစ်အတွင်း အကြီးဆုံးအမျိုးအစားဖြစ်သည်။

အမေရိကန်ပြည်ထောင်စု

Tang off Mare Island in 1943.

ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရပြီးနောက် အမေရိကန်ရေတပ်၏ရှေ့တန်းပစိဖိတ်ရေတပ်သည် အထိနာခဲ့သည်။ စစ်ကာလအတွင်း ဂျပန်တို့တွင်အကောင်းဆုံးသော တော်ပီဒိုများရှိခဲ့ပြီး အမေရိကန်တို့တွင် အညံ့ဆုံးတော်ပီဒိုများရှိခဲ့သည်။

ဗြိတိန်

ဗြိတိသျှရေငုပ်သင်္ဘော HMS Venturer

ဂျာမန်ရေတပ်သည် ရေငုပ်စဉ် ဒီဇယ်အစား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အသုံးပြုနိုင်မည့်နည်းလမ်းကိုရှာဖွေခဲ့သော်လည်း နည်းပညာဆိုင်ရာအခက်အခဲများကြုံတွေ့ခဲ့ရသည်။ မဟာမိတ်တို့ကလည်း ရေငုပ်သင်္ဘောအိတ်ဇော်အားအာရုံခံနိုင်မည့် ဓာတုဗေဒအာရုံခံပစ္စည်းများအပါအဝင် ရေငုပ်သင်္ဘောများအားရှာဖွေနိုင်မည့်အာရုံခံပစ္စည်းများကိုစမ်းသပ်ခဲ့ကြသည်။

ဓာတ်ပုံများ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.