ရေဒွန်

ရေဒွန် (Radon) ဓာတုသင်္ကေတ (Rn) သည် စံအပူချိန်နှင့် ဖိအားတွင် အရောင်မရှိပါ။ အပူချိန်သည် ၎င်း၏ ရေခဲမှတ်အောက်တွင် တောက်ပသော အဝါရောင်ရှိပါသည်။ ၎င်း၏ ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားပြီး တိုးတောင်းသော half-life လည်းရှိပါသည် ။

Radon,  86Rn
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတradon, Rn
အဆင်းcolorless gas
ဒြပ်စင်အလှည့်ကျဇယားရှိ Radon
Xe

Rn

Og
astatineradonfrancium
အက်တမ် အမှတ်စဉ် (Z)86
အုပ်စုဘလော့group 18 (noble gases), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
စံ အက်တောမစ် အလေးချိန် (Ar)
အီလက်ထရွန် ပြုပြင်မှု[Xe] 4f14 5d10 6s2 6p6
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 18, 8
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
အရည်ပျော်မှတ်202 K (−71 °C, −96 °F)
အရည်ဆူမှတ်211.5 K (−61.7 °C, −79.1 °F)
သိပ်သည်းမှု (သုည °C)9.73 g/L
(အရည်ဆူမှတ်)4.4 g/cm3
Critical point377 K, 6.28 MPa[1]
ဖျူးရှင်းအပူ3.247 kJ/mol
အငွေ့ပျံခြင်း အပူ18.10 kJ/mol
မိုလာ အပူအင်အား5R/2 = 20.786 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 110 121 134 152 176 211
အက်တောမစ် ဂုဏ်အင်များ
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.2
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 1037 kJ/mol
ကိုဗေးလန့်အချင်းဝက်150 pm
ဗန်ဒါဝေါ့စ် အချင်းဝက်220 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အပူစီးကူးမှု3.61×10  W/(m·K)
သံလိုက်ဓာတ်non-magnetic
CAS Number10043-92-2
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုErnest Rutherford and Robert B. Owens (1899)
ပထမဆုံး ခွဲထုတ်မှုWilliam Ramsay and Robert Whytlaw-Gray (1910)
Most stable isotopes of radon
iso NA သက်တမ်းဝက် DM DE (MeV) DP
210Rn syn 2.4 h α 6.404 206Po
211Rn syn 14.6 h ε 2.892 211At
α 5.965 207Po
222Rn trace 3.8235 d α 5.590 218Po
224Rn syn 1.8 h β 0.8 224Fr

အသုံးပြုခြင်း


ရေဒွန်ကို တစ်ခါတစ်ရံ ဆေးရုံများတွင် ကင်ဆာရောဂါ ကုသရာတွင် အသုံးပြုပါသည်။ ရေဒွန်ကို hydrologic research တွင်လည်းအသုံးပြုပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် လေထဲတွင် လျှင်မြန်စွာ ဆုံးရှုံးသွားပါသည် ။ ထို့အတူ geologic research တွင်လည်း အသုံးပြုပါသည်။


သဘာဝတွင်တွေ့ရှိရမှုအခြေအနေ

ရေဒွန်ကို အချို့သော စမ်းရေများနှင့် ရေပူစမ်းများတွင် ရှာဖွေ တွေ့ရှိနိုင်ပါသည်။ လေထုထဲမှာ ရေဒွန်၏ ပမာဏကို မည်သည့် နည်းဖြင့်မဆို မြင်သာစေပါသည်။


ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ


ရေဒွန်ကို အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ဓာတ်ငွေ့ရောနေသော ပြောင်းလဲမှု အဆင့်ဆင့်တွင် တွေ့ရပါသည်။ ရေဒွန်၏ နောက်ခံအခြေအနေအရ လေထုအပြင်တွင် ယေဘူယျ အားဖြင့် ငြိမ်သက်စွာ တည်ရှိပြီး တစ်ခါတစ်ရံ အတွင်းဘက်သို့ ရောက်နေချိန်တွင် လေထဲမှ ရေဒွန်၏ ပါဝင်မှု သည် မြင့်တက်လျှက်ရှိပါသည်။ အိမ်၊ ကျောင်း၊ အဆောက်အဦးများတွင်လည်း ရေဒွန် ပါဝင်မှုသည် တိုးတက်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရေဒွန်သည် အဆောက်အဦး၏ အက်ကွဲကြောင်းများမှ တဆင့် အဆောက်အဦး၏ အခြေခံအုတ်မြစ်များ၊ မြေတိုက်များထဲသို ့ဝင်ရောက်သွားပါသည်။

အချို့နက်ရှိုင်းသော နေရာများတွင် ရေသောက်သုံးလျှင် ရေနှင့်အတူ ရေဒွန်လည်း ပါဝင်နိုင်ပါသည်။ ရေဒွန် ပါဝင်မှုသည် မြေအောက်ရေထဲတွင် သိသာစွာ မြင့်တက်လျက်ရှိပါသည်။ သို့သော် ၎င်းကို အသုံးပြုမယ်ဆိုလျှင် ရေ၏ မျက်နှာပြင်ပေါ်သို့ ထုတ်လိုက်သည်နှင့် တပြိုင်နက် လေထုထဲသို့ ထွက်သွားပါသည်။ ရေဒွန်၏ မြင့်မားတဲ့ ပါဝင်မှုကို စူးစမ်းလေ့လာမှုအရ အသက်ရှူနေချိန်တွင် ရေဒွန်ဖြတ်သွားခြင်းကို lung diseases ဖြစ်စဉ်ဟုခေါ်ပါသည်။ နှစ်ပေါင်းများစွာ ကြာရှည်စွာ ထိတွေ့နေလျှင် ရေဒွန်ပမာဏ ပိုမိုတိုးပွားလာပြီး အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း တွေ့ရှိရပါသည်။ ရေဒွန်သည် ရေဒီယိုသတ္တိကြွသော ဒြပ်စင်ဖြစ်သော်လည်း ၎င်းသည် gamma radiation အနည်းငယ်ကို ထုတ်ပေးနိုင်ပါသည်။ အဆုတ် သို့မဟုတ် တစ်ခြား အင်္ဂါတွေအပေါ် ရေဒွန်၏ အကျိုးသက်ရောက်မှုကို မသိရှိနိုင်ပါ။ ရေဒွန်၏ သက်ရောက်မှုများကို အစားအစာခြင်း နှင့် ရေသောက်ခြင်း ၌သာ သိရှိနိုင်ပါသည်။ အခြားနေရာများတွင် မသိရှိနိုင်ပါ။

ပတ်ဝန်းကျင်သို့ အကျိုးသက်ရောက်မှုများ

ရေဒွန်သည် ရေဒီယိုသတ္တိကြွ ဒြပ်ပေါင်း တစ်ခုဖြစ်ပြီး ၎င်းကို သဘာဝပတ်ဝန်းကျင်တွင် မကြာခဏ တွေ့ရပါသည်။ ရေဒွန် ဒြပ်ပေါင်းကို ပတ်ဝန်းကျင်မှ အများဆုံး ရရှိမှုမှာ လူတို့၏ လုပ်ငန်းဆောင်တာများမှ ဖြစ်ပါသည်။ ရေဒွန်သည် ပတ်ဝန်းကျင်သို့ စိုစွတ်သောမြေ၊ Uranium phosphate mines နှင့် coal combustion များကိုဖြတ်ပြီး ဝင်ရောက်လာပါသည်။ ရေဒွန်အချို့သည် စိုစွတ်သော မြေထဲတွင် တည်ရှိနေပါသည်။ ထို့နောက်ရေငွေ့ များကိုဖြတ်၍ မျက်နှာပြင်ပေါ်သို့ တက်လာပြီး လေထုထဲသို့ ဝင်ရောက်သွားပါသည်။ လေထဲတွင် ရေဒွန်ဒြပ်ပေါင်းသည် ဖုန်၊ မြေမှုန့် အစရှိသည့် အမှုန်များနှင့် ပေါင်းစပ်သွားပါသည်။ရေဒွန်သည် လေထုထဲမှ အောက်သို့ ကျကာ စိုစွတ်သောမြေကြီးမှ တဆင့် မြေအောက်ရေထဲသို့ ဝင်ရောက် သွားနိုင်စွမ်းလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ရေဒွန် အများစုသည် စိုစွတ်သောမြေထဲတွင် ကျန်ခဲ့ပါသည်။

ကိုးကား

  1. Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.122။ ISBN 1439855110
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.