ရေမြင်းပု

ရေမြင်းပု၏ သိပ္ပံအမည်မှာ ချိုရော့ဆစ် လိုက်ဘေးရီးယန်းဆစ် ဖြစ်သည်။ အာဖရိကတိုက်၏အနောက်ပိုင်းရှိ သစ်တောများနှင့် စိမ့်တောများတွင် အများဆုံး တွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံတွင် အများဆုံးတွေ့ရပြီး ဆီရာလီယွန်နိုင်ငံဂီနီနိုင်ငံနှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင်လည်း တွေ့ရသည်။


အရပ်အမြင့်မှာ ၃ပေခန့် ဖြစ်သည်။ ကိုယ်အလေးချိန်မှာ ပေါင်၄၀ဝခန့် ဖြစ်သည်။

ရေမြင်းပုများသည် နေ့အချိန်တွင် အိပ်စက်နားနေကြပြီး ညအချိန်တွင် လှည့်လည်ကျက်စားသည်။ အစားအစာ မှာ မြက်၊ သစ်ဥနှင့် အသီးအရွက်များ ဖြစ်သည်။ ရေမြင်းများလောက် ရေစိမ်ရန် ကြိုက်နှစ်သက်ခြင်း မရှိပေ။ အ မများသည် ၁၈၆-၂၇၀ ရက် ဇီးလွယ်ပြီး တစ်ကြိမ်လျှင် သားငယ်တစ်ကောင် မွေးသည်။ သက်တမ်းမှာ ၃၅နှစ် ခန့် ဖြစ်သည်။

ရေမြင်းပုများမှာ သဘာဝတောထဲတွင် ကောင်ရေအနည်းငယ်သာ ကျန်ရှိသဖြင့် တန်ဖိုးကြီးသော တိရစ္ဆာန်များ ဖြစ်သည်။[1]

ကိုးကား

  1. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.