ရွက်သင်္ဘော

ရှေးပဝေသဏီအခါကပင် လူတို့သည် ပင်လယ်ရေကြောင်း သွားလာနိုင်ရန် ဖောင်များ၊ လှေငယ်များ၊ လှေကြီးများ၊ ရွက်သင်္ဘောများ စသည်ဖြင့် တီထွင်ကာ သွားလာခဲ့ကြသည်။ အစပိုင်းတွင် ဖောင်များ၊ လှေငယ်များဖြင့် သွားလာကြရာမှ ၁၉-ရာစုခန့်တွင် ရွက်သင်္ဘောများကို တွင်ကျယ်စွာအသုံးပြုလာကြသည်။ ၁၉-ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အလျင်မြန်ဆုံး သင်္ဘောကြီးများမှာ ရွက်သင်္ဘောများဖြစ်သည်။ အချို့ ရွက်သင်္ဘောကြီးများတွင် ရွက်တိုင်ပေါင်းများစွာ ထူထားပြီး ရွက်များကို အသုံးပြုကာ ပင်လယ်ပြင်ကို ဖြတ်သန်းကြသည်။

အချို့ရွက်သင်္ဘောများတွင် ရွက်ပေါင်း ၃၀-ကျော်အထိ ပါဝင်ပြီး မီတာ ၁၀၀-မြင့်သည့်ရွက်တိုင်များ ပါဝင်သည်။ ရွက်များတွင်လည်း ကန့်လန့်ရွက်နှင့် ဒေါင်လိုက်ရွက်ဟုရှိပြီး ကန့်လန့်ရွက်များ၏ ပုံသဏ္ဌာန်မှာ လေးထောင့်ပုံဖြစ်သည်။ ဒေါင်လိုက်ရွက်များ၏ပုံမှာ တြိဂံပုံဖြစ်သည်။

ရွက်သင်္ဘောများတွင် ရှည်လျားပြီး ထိပ်ချွန်သည့် ဦးပိုင်းက ရေကို လျင်မြန်စွာခွဲထုတ်နိုင်သည်။ ရွက်သင်္ဘောများကို အဓိကအားဖြင့် လေအားဖြင့် မောင်းနှင်ရသောကြောင့် လေအားကို ရနိုင်သမျှ ရအောင် ယူကြရသည်။ အလျင်မြန်ဆုံး ရွက်သင်္ဘောဖြစ်သည့် Cutty Sark သင်္ဘောသည် လေအားရရှိရန် စတုရန်း မီတာ ၃၀⁠၀၀-ရှိသော ရွက်ကြီးကို အသုံးပြုပြီး တစ်နာရီ ၃၁-ကီလိုမီတာနှုန်းထိ သွားနိုင်သည်ဟု သိရသည်။ [1]

ကိုးကား

  1. The Best Ever Book of Questions & Answers.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.