လက်တင်ဘာသာစကား

လက်တင်ဘာသာစကား (Latin:lingua latīnaIPA: [ˈlɪŋɡʷa laˈtiːna])သည် အင်ဒို-ယူရိုပီယန် ဘာသာစကားများ၏ အီတာလစ်ဘာသာစကားခွဲတွင် ပါဝင်သော ရှေးရိုးဘာသာစကားတစ်ခုဖြစ်သည်။ လက်တင်အက္ခရာသည် အီထရပ်စကန်နှင့် ဂရိအက္ခရာတို့မှ ဆင်းသက်လာသည်။ လက်တင်ဘာသာစကားကို ကနဦးပြောခဲ့ကြသူများမှာ အီတလီနိုင်ငံလေရှီယမ်ဒေသ မှ ဖြစ်ကြသည်။[1]

လက်တင်ဘာသာစကားကို ‌ရောမခေတ်က လက်တီယူမ် "Latium" အမည်ဖြင့်ပြောဆိုခဲ့ကြသည်။ အင်္ဂလိပ်စကားလုံးအချို့တို့သည် လက်တင်ဘာသာမှမွေးယူထားသောစကားလုံများပင်ဖြစ်ကြသည်။ ဗာတီကန်စီးတီး၏ ဘာသာစကားသည်လည်း လက်တင်ဘာသာပင်ဖြစ်သည်။

ယခုအခါတွင် လက်တင်ဘာသာစကားကို ပြောဆိုခြင်းမရှိကြသော်လည်း တက္ကသိုလ်၊ အဖွဲ့အစည်းများ၏ ဆောင်ပုဒ်များတွင် တွေ့ရပါသေးသည်။ ဂျာမဏီနိုင်ငံတွင်လည်း ဘရီးမန်းရေဒီယိုမှ လက်တင်ဘာသာဆိုင်ရာသိမှတ်ဖွယ်တို့ကို ဖြန့်ချိခဲ့ပါသည်။[2]

လက်တင်ဘာသာဖြင့်သာရေးသားထားသော လက်တင်ဝီကီပီးဒီးယား (Vicipaedia Latina) ဟူ၍ရှိရာ ဆောင်းပါးပေါင်း ၁၃၄,၀၀၀ ကျော်ရှိပါသည်။[3]

အက္ခရာများ

လက်တင်ဘာသာစကား၏ အက္ခရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Aa,Bb,Cc,Dd,Ee,Ff,Gg,Hh,Ii,Kk,Ll,Mm,Nn,Oo,Pp,Qq,Rr,Ss,Tt,Vv (Uu),Xx,Yy,Zz

ယင်းတို့ကို အောက်ပါအတိုင်းဖတ်ရသည်။

a - အာ

b - ဘယ်

c - ခယ်

d - ဒယ်

e - အယ်

f - အက်ဖ်

g - ဂယ်

h - ဟာ

i - အီ

k - ခါ

l - အလ်

m - အမ်

n - အန်

o - အို

p - ပယ်

q - ခူ

r - "error" စကားလုံးမှ "err" (ရကောက်လျှာလိပ်သံဖြင့်)

s - အက်စ်

t - တယ်

v - အူ

x - အစ်ခ်စ်

y - အီဂရိုင်းခါ (ဂရိ "I" ဟုအဓိပ္ပာယ်ရသည်)

z - ဇယ်ထာ

အသံထွက်ပုံ

လက်တင်ဘာသာစကား၏ အသံထွက်ပုံသည် အင်္ဂလိပ်ဘာသာစကားအသံထွက်နှင့် အနည်းငယ်ကွဲပြားခြားနားသည်။

ဗျည်းများ

b သည် "ဘ" အသံ

c သည် "ခ" အသံ

d သည် "ဒ" အသံ

f သည် အင်္ဂလိပ်နှင့်အတူ

g သည် "ဂ" အသံ

h သည် အင်္ဂလိပ်နှင့်အတူ

i သည် ဗျည်းနှင့်သရနှစ်မျိုးရှိကာ ဗျည်းသံကို "ယ" အသံဖြင့်ထွက်သည်။ "J" ဟူ၍လည်း ရေး၍ရသည်။

k သည် "ခ" အသံ

l သည် "လ" အသံ

m သည် "မ" အသံ

n သည် "န" အသံ

p သည် "ပ" အသံ

q ၏‌အနောက်တွင် "u" လိုက်သည်။ သို့ဖြစ်ရာ "qu" သည် အင်္ဂလိပ်နှင့်ဆင်တူသည်။

r သည် ရကောက်လျှာလိပ်သံဖြင့် ထွက်သည်။

s သည် "စ" အသံ

t သည် "တ" အသံ

v သည်လည်း ဗျည်းနှင်သရကွဲပြန်သည်။ သရဟုကွဲပြားစေရန် "u" ဟု ယခုခေတ်စာအုပ်များတွင်‌ရေးသားကြသည်။ ဗျည်း "v" ကို "ဝ" အသံဖြင့်ထွက်သည်။

x သည် အင်္ဂလိပ်စကားလုံး "extract" မှ "x" အသံ

z သည် အင်္ဂလိပ်စကားလုံး "adze" မှ "dz" အသံ

သရများ

a သည် "အ"

ā သည် "အာ"

i သည် "အစ်"

ī သည် "ဤ"

"o" သည် "အော့"

"ō" သည် "အို/အိုး"

"u/v" သည် "ဥ"

"ū/v̄' သည် "ဦ"

e သည် "အက်"

ē သည် "ဧ"

y သည် "အျူ"

ȳ သည် "အျူး"

"y" ကိုမူဂရိစကားလုံးတွင်သာတွေ့ရသည်။

သရတွဲများ

"ae (æ)" သည် "အိုင်း"

"oe (œ)" သည် "အွိုင်း"

"eu" သည် "အေယူ" အသံကို မြန်မြန်ထွက်သည်။

"au" သည် အင်္ဂလိပ်စကားလုံး "out" မှ "ou"

"ei" သည် "အေး"

"ui" သည် အင်္ဂလိပ်စကားလုံး "quick" မှ "ui"

ဗျည်းတွဲများ

"ch" သည် "ခ" သံပြင်းပြင်း

"th" သည် "ထ" အသံ

"ph" သည် "ဖ" အသံ

နမူနာစကားလုံးများ

Amīcus- အမိကုစ် (သူငယ်ချင်း)၊ Iūdex - ယူဒက်(စ်) (တရားသူကြီး)၊ Vēnālīcius- ဝေနာလီခစ်အု(စ်) (ကျွန်ရောင်းသူ)၊ Poēta- ပေါ့အေတ (ကဗျာဆရာ)၊ Leō- လက်အို (ခြင်္သေ့)၊ Vīllae - ဝီလိုင်း (အိမ်များ)၊ Īrātus- အီရာတု(စ်) (စိတ်ဆိုးသည်)

ကိုးကား

  1. Sandys၊ John Edwin (1910)။ A companion to Latin studies။ Chicago: University of Chicago Press။ pp. 811–812။
  2. "Latein: Nuntii Latini mensis lunii 2010: Lateinischer Monats rückblick" (in Latin). Radio Bremen. Archived from the original on 18 June 2010. Retrieved 16 July 2010
  3. Gomes, Lee (September 29, 2007). "Veni, Vidi, Wiki: Latin Isn't Dead on 'Vicipaedia' – Online Reference Features Britannia Spears, Disneyi; Disputing Computatrum". The Wall Street Journal. Retrieved September 30, 2011.
  • Benjamin L. D'ooge - Latin for beginners
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.