လင်

မန်လည်ဆရာတော် ဘုရားသည် လင်ဟူသောဝါဟာရကို ပီပီပြင်ပြင် စကားရွှင်ရွှင်နှင့်ပင် အဘိဓာန် ဖွင့်သွားတော်မူ၏။ ဘယ်လိုသတ္တဝါမျိုးကို လင်ခေါ်လေသနည်း။ ပဒုမပြဇာတ်မှာပင် "လင်" ဟူသောစကားလုံး၏အနက်ကို သဘောပေါက်လွယ်အောင် ကောက်ခါငင်ကာ ဖွင့်ထားခဲ့သည်ကား"လင်"ယောကျာ်းကို လင်ဆိုသည်မှာကား ထိုမယားတို့ အယားစိတ်ဝင်၊ ယားမရွှင်က ကြည်လင်စေသောအားဖြင့် တကားကားနှင့်ယောကျာ်းဓမ္မတာ နေ့နေ့ညည၊ ထိုကိစ္စကို လုံ့လပြုတတ်ရှာ၍ လင်ဟူပါသည်။ လူ့အခေါ်မှတ်ကြ။

အလုပ်မအားအောင် များနေ၍ ပင်ပန်း၍ ဝတ်ချင် စားချင်၍ ပွဲလမ်းသဘင်သွား ချင်၍ စိတ်လက်မရွှင် မကြည်လင်ဖြစ်နေသော မယားကို (ဝါ) ဟိုသင်းကြောင့် ယားရ၊ သည်သင်းကြောင့်ယားရနှင့်တကိုယ်လုံး ယား၍ မကြည်မလင် ဖြစ်နေသော မယားကို ကြည်လင်စေတတ်သောကြောင့် လင်ယောကျာ်း ဖြစ်သူသည် မယားတယောက် ဝမ်း မြောက်ကြည်လင်၍ တရွှင်ရွှင်ဖြစ်နေစေရန်အတွက် နေ့ညမရှောင် အလုပ်လုပ်ရသည်။ ထိုကြောင့် ယောကျာ်းကို လင်ဟုခေါ်ကြောင်းကို ဆိုသည်။ တဖန် လင်နှင့်မယားတို့၏ အညမညသဘောကို ဆရာတော်က ဆက်၍ ပြောပြန်သည်မှာ-မယားနှင့်လင်၊ ပျော်ပါးရွှင်သည်၊ ဝမ်းတွင်တောင့်ပါမှ။ ဝမ်းမဝ၍ မထနိုင်ကြလျှင်၊ ထိုယောကျာ်းလည်း မယားနိုင်ကြ၊ မယားကလည်း မိန်းမယားမြဲ မယားနိုင်ပဲ သည်လင်လဲ မလင်ချင်ဘူး လင်မယားနှစ်ယောက်၏ပျော်ရွှင်မှု၊ စိတ်နှလုံးချမ်းမြေ့မှု၌ အဓိကအချက်မှာ ဝမ်း ရေးဖြစ်လေသည်။ အူမçတောင့်ဖို့အရေးကြီးသည်။ လူလောကတွင် အူမတောင့်တောင့်နှင့် မကြောင့်မကြ နေနိုင်ရေးအတွက် မယားကလည်း မယားအလျောက်။ လင်ကလည်း လင့် အလိုက် ထိုက်ထိုက်တန်တန် လင်တထမ်း၊ မယားတရွက်ဆိုသကဲ့သို့ အလုပ်လုပ်ကြရမည်။ လင်နှင့်မယား နှစ်ယောက်စလုံး မလုပ်မကိုင်ပဲ ထိုင်နေမည်ဆိုသောမယားလည်း ယားနိုင် မည်မဟုတ်။ လင်လည်း လင်နိုင်မည်မဟုတ်။

ထို့ကြောင့် ယားနိုင်၊ လင်နိုင်လာအောင် မယားကလည်း မယားနှင့်တန်သောအ လုပ်ကို လုပ်၊ လင်ကလည်း လင်နှင့်တန်သောအလုပ်ကို ယောကျာ်းတို့၏ဇွဲမာန်ဖြင့် မတွန့် မဆုတ် ကြိုးစား၍ လုပ်ကြ။ ကိုယ်စီကိုယ်ငှ အလကားမနေပဲ ယားကြဟုဆိုလိုသည်။[1]

ရည်ညွှန်းကိုးကား

  1. ဒဂုန်ဦးစန်းငွေ ရေး ၁၉၇၉-ခုနှစ်၊ ဇွန်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၄၉ မှ ၅၁ထိ)၌လာရှိသော ဆောင်းပါး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.