လာဖဲရီရာ ရဲတိုက်
လာဖဲရီရာ ရဲတိုက် သို့မဟုတ် ဟင်နရီ ခရစ်စတော့ဖ် ရဲတိုက် သို့မဟုတ် စီတာဒဲလ် သည် ဟေတီနိုင်ငံ နော့ဒ်ပြည်နယ်တွင် တည်ရှိသော တောင်ကုန်းပေါ်ရှိ ကြီးမားသော ခံတပ်ကြီး တစ်ခု ဖြစ်သည်။ ဘောနက် လီဗန့် တောင်ပေါ်တွင် တည်ရှိပြီး[1]ကက်ပ်ဟေရှန်မြို့၏ တောင်ဘက် ၁၇မိုင် (၂၇ ကီလိုမီတာ) ခန့်အကွာ ၊ ပင်လယ်အော် သုံးခု ထိန်းသိမ်းရေး ဒေသ၏ အနောက်တောင်ဘက် ၉.၃မိုင် (၁၅ ကီလိုမီတာ) ခန့်အကွာ ၊ မေးလော့မြို့၏ တောင်ပေါ် ၅ မိုင် (၈ ကီလိုမီတာ) ခန့် အကွာ တွင် တည်ရှိသည်။ ၎င်းသည် အမေရိကရှိ အကြီးဆုံး ရဲတိုက်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် အနီးအနားရှိ ဆန်ဆော်ဆီနန်းတော်နှင့် အတူ ၁၉၈၂ ခုနှစ်တွင် စာရင်းထည့်သွင်းခဲ့သည်။ တောင်ထိပ်တွင် ရှိသော ရဲတိုက်ကြီးသည် ဟေတီနိုင်ငံ၏ အထိမ်းအမှတ်တစ်ခုလည်း ဖြစ်သည်။ ထိုရဲတိုက်အား ၁၇၉၁-၁၈၀၄ ခုနှစ် ဟေတီ ကျွန် သူပုန်ထမှုတွင် အဓိက ခေါင်းဆောင်ဖြစ်သော ဟင်နရီ ခရစ်စတော့ဖ် မှ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး [2] ဟေတီ အနေနှင့် ၁၉ ရာစု အစတွင် ပြင်သစ်တို့ထံမှ လွတ်လပ်ရေးရပြီးနောက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [3]
အမျိုးသားသမိုင်းဥယျာဉ် - ရဲတိုက် ၊ ဆန်ဆော်ဆီ နှင့် ရာမီရာ အဆောက်အဦးများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | iv, vi |
ကိုးကား | ၁၈၀ |
ဒေသ** | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၂ (ဆဋ္ဌမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကိုးကား
- Citadelle Laferrière။
- “The Haitian Turn”- An Appraisal of Recent Literary and Historiographical Works on the Haitian Revolution.pdf။
- National History Park – Citadel, Sans Souci, Ramiers။ UNESCO World Heritage (1982)။ 2007-08-16 တွင် ပြန်စစ်ပြီး။